EPL: တစ်လတာအကောင်းဆုံး မန်နေဂျာဆုမှာ မောရင်ဟိုကို ကျော်ဖြတ်ပြီး ဝက်ဂ်နာ ရရှိ

မော်ရင်ဟိုက အမှတ်ပေးဇယားကို ဦးဆောင်နေပေမယ့် တစ်လတာအကောင်းဆုံး မန်နေဂျောဆုနဲ့ လွဲခဲ့ပါတယ်။

သြဂုတ်လအတွက် တလတာအကောင်းဆုံး ပရီးမီးယားလိဂ်မန်နေဂျာဆုမှာ မော်ရင်ဟိုကို ကျော်ဖြတ်ပြီး ဟက်ဒါစ်ဖီးလ်အသင်းနည်းပြ ဝက်ဂ်နာက ရရှိသွားပါတယ်။

 

မော်ရင်ဟိုဟာ သြဂုတ်လအတွင်းမှာ မန်ယူအသင်းနဲ့အတူ ပရီးမီးယားလိဂ်သုံးပွဲကစားပြီး သုံးပွဲလုံး အနိုင်ရရှိအောင်စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ ပေးဂိုးမရှိဘဲ ဆယ်ဂိုးသွင်းယူနိုင်အောင် အသင်းကို စွမ်းဆောင်ပေးထားနိုင်ခဲ့တဲ့အတွက် သြဂုတ်လ အကောင်းဆုံးမန်နေဂျာဆုကို မော်ရင်ဟို ရရှိမယ်လို့ ထင်ကြေးပေးခံထားရခဲ့တာပါ။ ဒါပေမယ့် အသင်းငယ် ဟက်ဒါစ်ဖီးလ်အသင်းနည်းပြက တစ်လတာအကောင်းဆုံး နည်းပြဆုကို ရရှိသွားပါတယ်။

play

 

ဟက်ဒါစ်ဖီးလ်အသင်းက သြဂုတ်လအတွင်း ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ရာနှုန်းပြည့်နိုင်ပွဲမရပေမယ့်ရှုံးပွဲတော့ မရှိသေးပါဘူး။ ရာသီအဖွင့်ပွဲမှာ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ကစားခဲ့ပြီး နောက်တစ်ခါ ဒုတိယပွဲစဉ်မှာလည်း နယူးကာဆယ်ကို အနိုင်ထပ်ရခဲ့ပြန်ပါတယ်။ တတိယပွဲမှာ ဆောက်သမ်တန်ကို သရေထပ်ကစားနိုင်ခဲ့တဲ့အတွက်  ဟက်ဒါစ်ဖီးလ်အသင်းဟာ ရှုံးပွဲမရှိ၊ ပေးဂိုးမရှိပဲ ရမှတ် ၇ မှတ်နဲ့ အဆင့်-၃ နေရာမှာ ရပ်တည်လျက်ရှိပါတယ်။

play

 

မော်ရင်ဟိုဟာ သူ ပရီးမီးယားလိဂ်မှာ ရှိတဲ့ သက်တမ်းတလျှောက်မှာ တလတာ အကောင်းဆုံးမန်နေဂျာ ဆုကို သုံးကြိမ်သာ ရခဲ့ဖူးပါတယ်။ ဒီဆုကို မိမိရပေမယ့် အဓိက အနေနဲ့ ကစားသမားတွေကြောင့် ရတာဖြစ်တယ်လို့ ဟက်ဒါစ်ဖီးလ်အသင်းနည်းပြ ဝက်ဂ်နာက ပြောပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ