EPL: အိမ်ကွင်းမှာ လီဗာပူးကို ၅ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ မန်ချက်စတာစီးတီး

မနှစ်က လီဗာပူးအသင်းကို အိမ်ကွင်းနဲ့အဝေးကွင်းမှာပါ ရှုံးနိမ့်ခဲ့တဲ့ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့တာဖြစ်ပါတယ်။

play

 

ယနေ့ ညနေ ၆ နာရီမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၄ အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ပွဲစဉ်မှာ မန်ချက်စတာစီးတီးအသင်းက အိမ်ကွင်းပရိသတ်တွေရဲ့ရှေ့မှာ ၅ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်သွင်းယူပြီး အောင်ပွဲခံနိုင်ခဲ့ပါတယ်။

Postby

မန်ချက်စတာစီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ လီဗာပူးအသင်းကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စလုံး ရှုံးနိမ့်ထားခဲ့ပြီး ယနေ့ပွဲစဉ်မှာ လီဗာပူးအသင်းရဲ့တိုက်စစ်ကို အကောင်းဆုံးထိန်းချုပ်ကစားဖို့ ပြင်ဆင်လာခဲ့ပါတယ်။ လီဗာပူးအသင်းကတော့ ကော်တင်ဟိုကလွဲပြီး ကျန်အဓိက ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပါတယ်။

play

 

ပထမပိုင်း စတင်ချိန်မှာ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်တိုက်စစ်ဆင်ကစားခဲ့ကြပြီး ဂိုးသွင်းခွင့်တွေ ကိုယ်စီရရှိခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။ လီဗာပူးအသင်းဟာ ယနေ့မှာ မန်ချက်စတာစီးတီးအသင်းရဲ့ကစားသမားတွေကို လူကပ်ကစားတာမျိုးမရှိဘဲ လူကျွံထောင်ချောက်ဆင်ပြီး ကစားခဲ့တာတွေ့ရပါတယ်။ ၂၄ မိနစ်မှာ လီဗာပူးအသင်းရဲ့လူကျွံထောင်ချောက်ကို ဒီဘရိုင်းရဲ့ပေးပို့မှုကနေ အဂူရို ဖောက်ထွက်နိုင်ခဲ့ပြီး ဂိုးသမားနဲ့တစ်ဦးချင်းအတွေ့မှာ လှည့်ထွက်ပြီး ဂိုးထဲကို အပိုင်သွင်းယူနိုင်ခဲ့ပါတယ်။

play

 

အဖွင့်ဂိုးပေးလိုက်ရတဲ့ လီဗာပူးအသင်းအနေနဲ့ ချေပဂိုး ရရှိဖို့အတွက် ကြိုးစားခဲ့ပြီး ၃၄ မိနစ်မှာ ဘောလုံးနောက်ကို အပြေးလိုက်နေတဲ့ မာနေးနဲ့ မန်ချက်စတာစီးတီးအသင်း ဂိုးသမား အီဒါဆင်တို့ ရင်ဆိုင်အတွေ့မှာ မာနေးရဲ့ခြေထောက်ဟာ အီဒါဆင်ရဲ့ မျက်နှာကို ခုန်ကန်သလိုဖြစ်ခဲ့တဲ့အတွက်ကြောင့် မာနေးကို ဒိုင်လူကြီး တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲ့ပြီး အီဒါဆင်ဟာလည်း ပွဲကို ဆက်လက်ကစားနိုင်ခြင်းမရှိတော့ဘဲ လူနာတင်ထမ်းစင်နဲ့ ကွင်းအတွင်းက ထွက်ခွာသွားခဲ့ရပါတယ်။ အီဒါဆင်ရဲ့နေရာမှာ ပြီးခဲ့တဲ့ရာသီက လက်စွမ်းပြသနိုင်ခြင်းမရှိခဲ့တဲ့ ကလော်ဒီယိုဘရာဗိုကို ထည့်သွင်းကစားစေခဲ့ပါတယ်။

play

 

ပထမပိုင်းအချိန်ပြည့်လို့ နာကျင်အချိန်ပို ၉ မိနစ်ပေးခဲ့ပြီး နာကျင်အချိန်ပို ၆ မိနစ်မှာ ဒီဘရိုင်းရဲ့ဖြတ်တင်ပေးပို့မှုကနေတစ်ဆင့် ဂက်ဘရီရယ်ဂျီးဆပ် အနီးကပ်ခေါင်းတိုက်ပိတ်သွင်းယူခဲ့ပြီး မန်ချက်စတာစီးတီးအသင်းအတွက် ဒုတိယဦးဆောင်ဂိုးကို ရယူပေးခဲ့ပါတယ်။

play

 

ဒုတိယပိုင်းပြန်လည်စတင်ချိန် ၄၆ မိနစ်မှာ လီဗာပူးအသင်းက ခြေစွမ်းပြသနိုင်တဲ့ မိုဟာမက်ဆာလာကို ထုတ်ပြီး ချန်ဘာလိန်ကို ထည့်သွင်းကစားစေခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၅၃ မိနစ်မှာပဲ လီဗာပူးအသင်းရဲ့လူကျွံထောင်ချောက်ကနေ အဂူရို နောက်ထပ်တစ်ကြိမ် ထပ်မံထိုးဖောက်နိုင်ခဲ့ပြီး ဂိုးသမားနဲ့ ရင်ဆိုင်အတွေ့မှာ ဘေးကနေ လိုက်ပါလာတဲ့ ဂက်ဘရီရယ်ဂျီးဆပ်ကို ထိုးပေးလိုက်ပြီး ဂက်ဘရီရယ်ဂျီးဆပ်က အပိုင်ပိတ်သွင်းယူနိုင်ခဲ့တာကြောင့် မန်ချက်စတာစီးတီးအသင်းက လီဗာပူးအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

play

 

ဂိုးသွင်းယူအပြီး ၅၇ မိနစ်မှာပဲ ဂက်ဘရီရယ်ဂျီးဆပ်ရဲ့နေရာမှာ ဆာနေးကို ထည့်သွင်းကစားစေခဲ့ပြီး နောက်ထပ် မိနစ် ၂၀ အကြာ ၇၇ မိနစ်မှာ ဘယ်တောင်ပံကနေ မန်ဒီဖြတ်တင်လိုက်တဲ့ဘောလုံးကို အံ့အားသင့်ဖွယ် ကန်သွင်းယူပြီး စတုတ္ထမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ လီဗာပူးအသင်းဟာ တစ်ယောက်လျော့နဲ့ မန်ချက်စတာစီးတီးအသင်းကို ဘယ်လိုမှ ယှဉ်မကစားနိုင်ခဲ့ဘဲ မန်ချက်စတာစီးတီးအသင်းရဲ့တိုက်စစ်ကိုသာ အသည်းအသန် ကာကွယ်နေခဲ့ရတာဖြစ်ပါတယ်။ ဒုတိယပိုင်းပွဲချိန်ပြည့်လို့ နာကျင်အချိန်ပို ၉၁ မိနစ်မှာ မန်ချက်စတာစီးတီးအသင်းအတွက် ဆာနေးက ဘီးကုပ်စက်ဝိုင်းထိပ်ကနေ လှလှပပကန်သွင်းယူပြီး လီဗာပူးအသင်းကို ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

 

Photos: Squawka

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ