EPL: မန်စီးတီး ဂိုးသမား၏ ဒဏ်ရာ ဆေးရုံတက်စရာမလို

ဒဏ်ရာအခြေအနေ မပြင်းထန်ပေမယ့် ကာလအနည်းငယ် အနားယူရတော့မှာ ဖြစ်ပါတယ်။

လီဗာပူးကစားသမား မာနေးရဲ့ကန်ချက်ကြောင့် ဒဏ်ရာရရှိပြီး လူစားလဲခဲ့ရပေမယ့် မန်စီးတီးဂိုးသမား အီဒါဆင် ဘယ်လောက်အနားယူရဦးမလဲဆိုတာ မသိရသေးပါဘူး။

play

 

ဒါပေမယ့် မန်စီးတီးဂိုးသမားအီဒါဆင်ဟာ မာနေးရဲ့ကန်ချက်ကြောင့် ဆိုးရွားပြင်းထန်တဲ့ ဒဏ်ရာကိုတော့ မရခဲ့ဘူးလို့ သိရပါတယ်။ ဂိုးဧရိယာအပြင်ဘက်မှာ ဘောလုံးကိုအပြိုင်လုကြရမှာ မြောက်တက်နေတဲ့ ဘောလုံးကို မာနေးက ခြေထောက်နဲ့ ထိန်းလိုက်လို့ အီဒါဆင်ရဲ့ မျက်နှာကို ကန်မိသွားတာဖြစ်ပါတယ်။ ဒါပေမယ့် အီဒါဆင်ဟာ မေးရိုး၊ သို့မဟုတ် ပါးရိုးကျိုးတဲ့ ဒဏ်ရာကိုတော့ မရခဲ့ဘူးလို့ သိရပါတယ်။

play

 

ဒဏ်ရာရရှိပြီးတဲ့နောက် မိနစ်အနည်းငယ်အကြာပထမပိုင်းမပြီးခင်မှာပဲ အီဒါဆင်ကို ဂိုးသမား ဘရာဗိုနဲ့ လူစားလဲလိုက်ရပါတယ်။ ဒီနှစ်နွေရာသီအပြောင်းအရွှေ့မှာ   ပေါင်သုံးဆယ့်ငါးသန်းနဲ့ ဘင်ဖီကာအသင်းကနေ ပြောင်းရွှေ့လာတဲ့ အီဒါဆင်ဟာ ဒဏ်ရာကြောင့် ကာလအနည်းငယ် အနားယူရဖို့ အလားအလာ ရှိနေပြီဖြစ်ပါတယ်။

play

 

မန်စီးတီးအသင်းဆေးအဖွဲ့စစ်ဆေးပြီးတဲ့နောက်အရိုးကျိုးဒဏ်ရာတွေ မရခဲ့တဲ့အတွက် ဆေးရုံးကိုတော့ ပို့ဆောင်ခြင်းမရှိခဲ့ပါဘူး။ ဒီဖြစ်ရပ်အတွက် ဘောလုံးပွဲ ဝေဖန်သုံးသပ်သူ မန်ယူကစားသမားဟောင်း ဂယ်ရီနဗီးလ်က အနီကတ်ပြတဲ့ ဒိုင်လူကြီးကို ဝေဖန်ပြောကြားခဲ့ပါတယ်။ ဂိုးသမား ဂိုးစည်းအပြင်ထွက်လာတဲ့ အတွက် ဘောလုံးက မြှောက်နေချိန်မှာ ဒီဖြစ်ရပ်ကြုံသွားတာဖြစ်ပြီး ဒီအခြေအနေဟာ မာနေးနဲ့ အီဒါဆင် နှစ်ဦးလုံး ၅၀/၅၀ အခြေအနေဖြစ်လို့ အနီကတ်မပြသင့်ဘူးလို့ ဝေဖန်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ