EPL: အဝေးကွင်းမှာ လက်စတာစီးတီးအသင်းကို အနိုင်ယူခဲ့တဲ့ ချယ်ဆီး

မိုရာတာ၊ ကန်တေးတို့ရဲ့သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

play

 

ယနေ့ည ၈ နာရီ ၃၀ မိနစ်အချိန်မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၄ အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ လက်စတာစီးတီးအသင်းနဲ့ ချယ်ဆီးအသင်းတို့ရဲ့ပွဲစဉ်မှာ ချယ်ဆီးအသင်းက လက်စတာစီးတီးအသင်းရဲ့အိမ်ကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။

ချယ်ဆီးအသင်းရဲ့တိုက်စစ်မှာ မိုရာတာကို အထောင်ထားပြီး ကွင်းလယ်မှာ ဖာဘရီဂတ်စ်၊ ပက်ဒရိုတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဒီနေ့ချယ်ဆီးအသင်းရဲ့ တိုက်စစ်ဟာ အားကောင်းနေခဲ့ပြီး မိုရာတာအနည်းငယ်ဖြုန်းတီးခဲ့တာကြောင့် ဂိုးတွေမရရှိခဲ့တာဖြစ်ပါတယ်။

Postby

 

ပထမပိုင်းပြီးဆုံးခါနီး ၄၁ မိနစ်မှာ အက်ဇ်ပလီကူရယ်တာ ဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကို မိုရာတာ လှလှပပခေါင်းတိုက်သွင်းယူခဲ့ပြီး ချယ်ဆီးအသင်း အဖွင့်ဂိုး စတင်ရရှိခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ပြီး မိနစ် ၅၀ မှာ ကန်တေးရဲ့ ဘီးကုပ်စက်ဝိုင်းထိပ်ကနေ လှလှပပ အဝေးကန်သွင်းချက်ကြောင့် ချယ်ဆီးအသင်း ဒုတိယမြောက်ဦးဆောင်ဂိုးကို ရရှိခဲ့ပါတယ်။ ယနေ့ပွဲစဉ်မှာ လက်စတာစီးတီးအသင်းရဲ့နောက်ခံကစားသမားတွေဟာ ချယ်ဆီးအသင်း အပိုင်ဂိုးရရှိနိုင်မယ့် ဖြတ်တင်ဘော အများစုကို ကာကွယ်နိုင်ခဲ့တာတွေ့ရပါတယ်။

play

 

လက်စတာစီးတီးအသင်းဟာ ချေပဂိုးတွေရရှိဖို့ ကြိုးပမ်းခဲ့ပြီး ၆၁ မိနစ်မှာ ဗာဒီကို ကော်တိုရစ် ပင်နယ်တီဧရိယာထဲမှာ ဖျက်ထုတ်ပုံကြမ်းတမ်းတယ်လို့ ဒိုင်လူကြီးက သတ်မှတ်ခဲ့ပြီး လက်စတာစီးတီးအသင်းက ပင်နယ်တီပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့ပါတယ်။ ယင်းပြစ်ဒဏ်ဘောကို ဗာဒီက အပြင်းကန်သွင်းပြီး လက်စတာစီးတီးအသင်းအတွက် ချေပဂိုးတစ်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

 

လက်စတာစီးတီးအသင်းဟာ နောက်ထပ်ချေပဂိုးတွေ ရရှိအောင် ကြိုးပမ်းခဲ့ပေမယ့် ထိရောက်တဲ့ ဂိုးဖန်တီးမှုတွေ မပြုလုပ်နိုင်ခဲ့ဘဲ ချယ်ဆီးအသင်းရဲ့နောက်ခံလူတွေက အကောင်းဆုံးကာကွယ်ထားနိုင်ခဲ့တာကြောင့် ၂ ဂိုး ၁ ဂိုးရလဒ်နဲ့ပွဲပြီးဆုံးသွားခဲ့ပြီး ချယ်ဆီးအသင်းက လက်စတာစီးတီးအသင်းရဲ့အိမ်ကွင်းမှာ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

Photos:Standard

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ