EPL: ပုံစံကောင်းတွေ ပြန်လည်ပြသနိုင်ခဲ့တဲ့ အာဆင်နယ်

ကစားသမားတွေအားလုံးနီးပါး ပုံမှန်ခြေစွမ်းကို ပြန်လည်ရရှိခဲ့ကြတဲ့ ပွဲစဉ်ဖြစ်ပါတယ်။

play

 

ယနေ့ ည ၈ နာရီ ၃၀ မိနစ်အချိန်မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၄ အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အာဆင်နယ်အသင်းနဲ့ ဘုန်းမောက်အသင်းတို့ရဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းက ၃ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

play

 

အာဆင်နယ်အသင်းဟာ ယနေ့ပွဲစဉ်မှာ တိုက်စစ်မှာ ဝဲလ်ဘတ်၊ လာကာဇက်တီတို့ထားပြီး ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်း စတင်ပြီး ၆ မိနစ်မှာ ကိုလာစီနက်ရဲ့ဖြတ်တင်ဘောကို ဝဲလ်ဘတ် ခေါင်းတိုက်သွင်းယူနိုင်ခဲ့တာကြောင့် အာဆင်နယ်အသင်း အဖွင့်ဂိုး ရရှိခဲ့ပါတယ်။ ဆက်လက်ပြီး ၂၇ မိနစ်မှာ ဒန်နီဝဲလ်ဘတ်နဲ့တွဲဖက်ပြီး ဘီးကုပ်စက်ဝိုင်းထိပ်ကနေ လာကာဇက်တီ ကန်သွင်းပြီး အာဆင်နယ်အသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

ဘုန်းမောက်အသင်းဟာ ယနေ့ပွဲစဉ်မှာ တိုက်စစ်မှူး ဒီဖိုးဂိုးသွင်းခွင့်ရရှိခဲ့ပေမယ့် တိုင်ထိခဲ့တဲ့အတွက် ဂိုးရရှိဖို့အခွင့်အရေးဆုံးရှုံးခဲ့ရပါတယ်။ အာဆင်နယ်အသင်းရဲ့ကစားသမားတွေဟာလည်း ယနေ့ပွဲစဉ်မှာ ပုံမှန်ခြေစွမ်းတွေ ပြန်လည်ရရှိနေခဲ့ပြီး ဘုန်းမောက်အသင်းကို ခြေစွမ်းအရ အသာစီးရယူ ကစားသွားနိုင်ခဲ့ပါတယ်။

Postby

 

ဒုတိယပိုင်း ပြန်လည်စတင်ပြီး မိနစ် ၅၀ မှာ ရမ်ဆေး မျှောပေးလိုက်တဲ့ဘောလုံးကို ဝဲလ်ဘတ် အမှားအယွင်းမရှိပိတ်သွင်းပြီး အာဆင်နယ်အသင်းအတွက် တတိယမြောက်ဂိုးကို ရယူပေးခဲ့နိုင်ပါတယ်။ ဘုန်းမောက်အသင်းအနေနဲ့ ချေပဂိုးတွေ ပြန်လည်ရရှိနိုင်မယ့် အခွင့်အရေးအချို့ရရှိခဲ့ပေမယ့် အသုံးချနိုင်ခဲ့ခြင်းမရှိတာကြောင့် အာဆင်နယ်အသင်းက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

 

Photos: Standard

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ