EPL: တစ်ဖက်နှစ်ဂိုးစီနဲ့ ပွဲပြီးဆုံးခဲ့တဲ့ စတုတ်စီးတီးနဲ့မန်ချက်စတာယူနိုက်တက်

တစ်ဖက်နဲ့တစ်ဖက် အကြိတ်အနယ်ရှိခဲ့ကြပြီး အပြန်အလှန်ဂိုးသွင်းယူနိုင်ခဲ့ပြီး တစ်ဖက် ၂ ဂိုးစီနဲ့ပွဲပြီးဆုံးခဲ့တာပါ။

play

 

ယနေ့ စနေနေ့ ည ၁၁ နာရီအချိန်မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၄ အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ စတုတ်စီးတီးအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်မှာ တစ်ဖက် ၂ ဂိုးစီနဲ့ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ လူကာကူကို တိုက်စစ်မှာအထောင်ထားပြီး ရက်ရှ်ဖို့ဒ်၊ ပေါ့ဂ်ဘာ၊ မီခီတာယန်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်းမှာ စတုတ်စီးတီးအသင်းက တိုက်စစ်ဆင်ကစားခဲ့ပြီး မန်ယူအသင်းရဲ့ဂိုးသမားဒီဂီယာနဲ့ နောက်ခံလူတွေက စတုတ်စီးတီးအသင်းရဲ့တိုက်စစ်ကို အသည်းအသန်ကာကွယ်ခဲ့ရပါတယ်။

play

 

ပထပိုင်းပြီးဆုံးခါနီး ၄၃ မိနစ်မှာ စတုတ်စီးတီးရဲ့ကွင်းလယ်ကစားသမား မာမီဘိုင်ရန်ဒီအော့ဖ်ရဲ့ပေးပို့မှုကနေတစ်ဆင့် ချုပိုမို့တင်းက ပိတ်သွင်းပြီး စတုတ်စီးတီးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ပထမပိုင်းပြီးဆုံးခါနီး အချိန်ပို ၄၆ မိနစ်မှာ မန်ချက်စတာယူနိုက်တက်အသင်းက ထောင့်ကန်ဘောရခဲ့ပြီး ပေါ့ဂ်ဘာခေါင်းတိုက်သွင်းယူခဲ့တဲ့ဂိုးဟာ ရက်ရှ်ဖို့ဒ်ကို ထိပြီး စတုတ်စီးတီးအသင်းရဲ့ ဂိုးထဲကို ဝင်ရောက်သွားခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းက ချေပဂိုး ရရှိခဲ့ပါတယ်။

play

 

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းက တိုက်စစ်ဆင်ကစားခဲ့ပြီး ၅၈ မိနစ်မှာ လူကျွံထောင်ချောက်ကနေ ရုန်းထွက်ပြီး လူကာကူက မန်ချက်စတာယူနိုက်တက်အသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ စတုတ်စီးတီအသင်းရဲ့ ကွင်းလယ်ကစားသမား ရှာကီရီဟာ ယနေ့ပွဲစဉ်မှာ ဂိုးပေါက်ကန်သွင်းမှု အကြိမ်ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး ဒီဂီယာလက်စွမ်းပြ ကာကွယ်နိုင်ခဲ့လို့ ဂိုးမပေးခဲ့ရတာဖြစ်ပါတယ်။

play

 

၆၃ မိနစ်မှာ စတုတ်စီးတီးအသင်းက ထောင့်ကန်ဘော ကန်ခွင့်ရခဲ့ပြီး ရှာကီရီ ကန်တင်လိုက်တဲ့ ဘောလုံးကို ချူပိုမို့တင်းကပဲ ဒုတိယအကြိမ် ခေါင်းတိုက်ပြီး စတုတ်စီးတီးအသင်းအတွက် ချေပဂိုးရယူနိုင်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ကွင်းလယ်ကို ထိန်းချုပ်နိုင်ဖို့အတွက် ၇၂ မိနစ်မှာ ရှက်ရှ်ဖို့ဒ်ရဲ့နေရာမှာ မာတာ၊ ၇၃ မိနစ်မှာ ခြေစွမ်းမပြသနိုင်တဲ့ ဟာရဲရားရဲ့နေရာမှာ တောင်ပံကစားသမား အန်သိုနီမာရှယ်ကို ထည့်သွင်းကစားစေခဲ့ပါတယ်။ ဒါပေမယ့်လည်း စတုတ်စီးတီးအသင်းရဲ့ဂိုးသမား ဂျက်ဘတ်တလန်ရဲ့အကောင်းဆုံး လက်စွမ်းပြသမှုကြောင့် မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အနိုင်ဂိုး သွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ စတုတ်စီးတီးအသင်းရဲ့အိမ်ကွင်းမှာ တစ်ဖက် ၂ ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

Postby

 

ယနေ့ပွဲစဉ်မှာ သရေရလဒ်သာ ရရှိခဲ့တဲ့အတွက် မန်ချက်စတာယူနိုက်တက်အသင်းဟာ မန်ချက်စတာစီးတီးအသင်းနဲ့အတူ ရမှတ် ၁၀ မှတ် တူညီသွားခဲ့ပေမယ့် ဂိုးကွာခြားချက်နဲ့ ဇယားထိပ်ဆုံး အဆင့် ၁ နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။

Photos: Standard

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ