EPL: ဆန်းချက်ဇ် "ဝ" လာတာ မဟုတ်ဘူးလို့ ငြင်းဆိုလိုက်တဲ့ အာစင်ဝင်းဂါး

ဆန်းချက်ဇ် အဝလွန်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေကို အာစင်ဝင်းဂါးက ခုခံပြောကြားလိုက်ပါတယ်။

အာဆင်နယ်တိုက်စစ်ကစားသမား ဆန်းချက်ဇ်ဟာ ဒီရာသီမှာ ပုံမှန်ထက် ပိုပြီး ဝဖြိုးနေတယ်ဆိုတဲ့ ဝေဖန်ချက်ကို နည်းပြအာစင်ဝင်းဂါးက ငြင်းဆန်လိုက်ပါတယ်။

 

မန်စီးတီးအသင်းကို ပြောင်းရွှေ့လုနီးပါးဖြစ်ခဲ့တဲ့ ဆန်းချက်ဇ်ဟာ အာဆင်နယ်အသင်းမှာ ဆက်ရှိနေခဲ့ရသူ ဖြစ်ပါတယ်။ ဆန်းချက်ဇ်ရဲ့ နည်းပြဟောင်းဖြစ်တဲ့ ချီလီယူ၂၀ နည်းပြဟိုဆေးဆူလန်တေးရဲ့ ဝေဖန်ချက်ကို နည်းပြ အာစင်ဝင်းဂါးက ဆန်းချက်ဇ်ဘက်က ကာကွယ်ပြောကြားလိုက်တာဖြစ်ပါတ်။ ဆန်းချက်ဇ်ဟာ သာမန်ထက် ဝ နေတာမဟုတ်ဘဲ သာမန်ခန္ဓာကိုယ်အနေအထားပဲ ရှိတယ်လို့ အာစင်ဝင်းဂါးက ပြောပါတယ်။

play

 

“ သူကအလွန်စည်းကမ်း လိုက်နာသူ ပါ။ သူ့အနေနဲ့ ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲကို အာရုံစိုက်သွားမယ်လို့ ကျွန်တော့်ကို ပြောထားပြီးပါပြီ။ ချီလီအသင်းနဲ့ ကစားပြီးနောက် သူပြန်လာတဲ့အချိန်မှာကတည်းက ကစားဖို့အဆင်သင့်ဖြစ်နေသူပါ။ ဝ နေတယ်ဆိုတာက ရာခိုင်နှုန်းနဲ့ တွက်ရင် တစ်ဆယ်အောက်မှာပဲရှိပါသေးတယ်။ နိုင်ပွဲတွေ ပျောက်လာပြီဆိုရင် လူတွေက တစ်ခုမဟုတ်တစ်ခု  အပြစ်ရှာနေတတ်ကြတာပဲလေ” လို့ အာစင်ဝင်းဂါးက ပြောပါတယ်။

play

 

တစ်ပတ်အတွင်း သုံးပွဲကစားဖို့ သူ့ခန္ဓာကိုယ်က ကြံ့ခိုင်မှု အဆင်သင့်မဖြစ်သေးရုံပါလို့ နည်းပြအာစင်ဝင်းဂါးက ခုခံပြောကြားခဲ့ပါတယ်။ ဆန်းချက်ဇ်ဟာ မန်စီးတီးအသင်းကို ပြောင်းရွှေ့ဖို့အတွက် အစီအစဉ်ပျက်ပြယ်ခဲ့လို့ စိတ်ပျက်ငြီးငွေ့နေတယ်ဆိုတဲ့ ဝေဖန်မှုတွေ ရင်ဆိုင်နေရပါတယ်။ ဘုန်းမောက်နဲ့ပွဲမှာလည်း ဆန်းချက်ဇ်ဟာ အ သင်းရဲ့ လူစားဝင်ကစားသမားအဖြစ်သာ ကစားခဲ့ရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ