EPL: ဘေဆယ်နဲ့ပွဲမှာ ကစားခဲ့တဲ့ခြေစွမ်းကို မကျေမနပ်ဖြစ်နေတဲ့ နည်းပြ မော်ရင်ဟို

Playstation ဂိမ်းကစားနေတာကို ထိုင်ကြည့်နေရသလိုပဲလို့ အပြစ်တင်ခဲ့ပါတယ်။

play

 

ချန်ပီယံလိဂ်နဲ့ ၂ နှစ်ကြာ ဝေးကွာခဲ့ပြီး ယခုနှစ်မှာ ပြန်လည်ပါဝင်ကစားခွင့်ရခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘေဆယ်အသင်းကို အိမ်ကွင်းမှာ ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

ဖယ်လိုင်နီ၊ ရက်ရှ်ဖို့ဒ်၊ လူကာကူတို့ရဲ့ဂိုးတွေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းက ချန်ပီယံလိဂ် ပထမဆုံးပွဲစဉ်မှာ သက်တောင့်သက်သာ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုကတော့ ဘေဆယ်အသင်းနဲ့ပွဲစဉ်က ခြေစွမ်းကို ကျေနပ်မှု မရှိခဲ့ပါဘူး။

ဒုတိယမြောက်ဦးဆောင်ဂိုးကိုသွင်းယူပြီးတဲ့နောက်မှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကစားသမားတွေဟာ ကစားကွက်ကို ဂရုတစိုက်နဲ့ ပုံမဖော်တော့ဘဲ ဖြစ်သလိုသာ ကန်နေခဲ့တယ်လို့ မော်ရင်ဟိုက ပြောပါတယ်။

 

"အိမ်ကွင်းမှာ သုံးမှတ်အပြည့်ရဖို့ အရေးကြီးပါတယ်။ ဒုတိယမြောက်ဂိုး မသွင်းခင်ကအထိ ကျွန်တော်တို့ တည်တည်ငြိမ်ငြိမ်၊ ယုံကြည်ချက်အပြည့်နဲ့ ကစားနိုင်ခဲ့ပါတယ်"

"ဒုတိယမြောက်ဂိုးသွင်းယူပြီးတဲ့အချိန်မှာ အားလုံးပြောင်းလဲသွားတယ်။ မန်ချက်စတာယူနိုက်တက်အသင်းသားတွေဟာ ကြိုးကြိုးစားစားကစားနေတာကို ရပ်လိုက်ပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကို မချနိုင်တော့ဘူး"

play

 

"အဲဒီလိုလုပ်တာဟာ ကိုယ့်ကိုယ်ကိုယ် ပြဿနာထဲ ရောက်အောင်ဆွဲသွင်းနေတာပဲ။ ကျွန်တော်တို့ ကစားနေတာ Fantasy Football လည်းမဟုတ်၊ Playstation Football ကစားလည်း မဟုတ်ဘူး"

"ကြိုးကြိုးစားစားနဲ့ကစားနေတာကို ရပ်လိုက်တာဟာ အလောင်းအစားတစ်ခု လုပ်လိုက်တာလို့ပဲ မြင်တယ်"

Postby

 

"ကစားသမားတွေရဲ့စိတ်ထဲမှာ ငါတို့ ဒီပွဲတစ်ခုလုံးကို ထိန်းချုပ်နိုင်ပြီလို့ တွေးပြီး ရပ်လိုက်တာဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် ပြိုင်ဘက်အသင်းကိုတော့ လေးစားမှုရှိရမယ်လေ။ ပုံစံပျက်သွားတယ်။ လွယ်လွယ်ပေးလို့ရတဲ့ နေရာကိုပဲ ဘောလုံးပေးတယ်။ ကစားသမားတွေက အေးဆေးကစားပြီး အနားယူနေတာ ကျွန်တော် မကြိုက်ပါဘူး"လို့ ပြောခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ