EPL: မက်ဆီသာ မန်စီးတီးမှာ လာကစားမယ်ဆိုရင် အရမ်းပျော်မိမယ်လို့ အဂူရို ပြော

မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။

play

 

မန်ချက်စတာစီးတီးအသင်းရဲ့တိုက်စစ်မှူး အဂူရိုက အာဂျင်တီးနားလက်ရွေးစင်အသင်းဖော် မက်ဆီသာ မန်ချက်စတာစီးတီးအသင်းမှာ လာကစားခဲ့မယ်ဆိုရင် Etihad ကွင်းကြီးတစ်ခုလုံး ပရိသတ်တွေအပြည့် ရှုပ်ယှက်ခတ်နေမယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

play

 

ဘာစီလိုနာအသင်းရဲ့ကြယ်ပွင့်ကစားသမား မက်ဆီဟာ လာမယ့်နွေရာသီမှာ ဘာစီလိုနာအသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး စာချုပ်ပါ အချက်အရ ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး စပိန်နိုင်ငံပြင်ပက အသင်းတွေနဲ့ ဆွေးနွေးခွင့်ရရှိမှာဖြစ်ပါတယ်။

Postby

 

မန်ချက်စတာစီးတီးအသင်းဟာ မက်ဆီကို လိုချင်နေတဲ့အသင်းတွေထဲက တစ်သင်းအပါအဝင်ဖြစ်ပြီး မက်ဆီသာ ဘာစီလိုနာကနေ ထွက်ခွာပြီး မန်ချက်စတာစီးတီးအသင်းကို လာရောက်ကစားမယ်ဆိုရင် အရမ်းပျော်မိမယ်လို့ အဂူရိုက ပြောကြားခဲ့ပါတယ်။

play

 

"ကျွန်တော်တို့ဆီမှာက ငွေကြေးက ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် မက်ဆီနဲ့ ရော်နယ်ဒိုတို့လို ကစားသမားတွေဟာ အသင်းရဲ့အမှတ်တံဆိပ်တစ်ခုလိုဖြစ်နေတော့ အသင်းကနေ ထွက်ခွာဖို့ ခက်ခဲမှာပါ။ ကျွန်တော်ကတော့ မက်ဆီကို ကျွန်တော်တို့အသင်းမှာ ကစားတာကို မြင်ချင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

play

 

မက်ဆီဟာ အာဂျင်တီးနားအသင်းကို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို အရောက်ပို့ဆောင်ပေးနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အဂူရိုက နံရိုးကျိုးဒဏ်ရာကြောင့် ပါဝင်ကစားပေးနိုင်ခြင်းမရှိခဲ့ပါဘူး။

 

Source & Photos: Dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ