EPL: မန်ယူအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ အဆင်သင့်ဖြစ်နေတဲ့ မော်ရင်ဟို

မော်ရင်ဟိုကို ၅ နှစ်သက်တမ်းချုပ်ဆိုဖို့ ကမ်းလှမ်းသွားမှာဖြစ်ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ကာလရှည် စာချုပ်ချုပ်ဆိုပြီး သူ့ရဲ့နည်းပြဘဝသက်တမ်းကို ပိုပြီး ကြာရှည်အောင် ပြုလုပ်ဖို့အဆင်သင့်ဖြစ်နေပါပြီ။

play

 

အသက် ၅၄ နှစ်ရှိပြီဖြစ်တဲ့ မော်ရင်ဟိုဟာ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းရဲ့နည်းပြ ဂွါဒီယိုလာနဲ့အတူ မြင့်မားတဲ့လစာဖြစ်တဲ့ တစ်ပတ်လုပ်ခ ပေါင် ၂ သိန်း ၅ သောင်း ရရှိနေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကာလရှည်စာချုပ်မှာ တစ်ပတ်လုပ်ခငွေ ပြောင်းလဲမှုမရှိပေမယ့် ဆုဖလားတွေနဲ့ ပရီးမီးယားလိဂ်အောင်မြင်မှုအပေါ်မှာမူတည်ပြီး အကျိုးခံစားခွင့်တွေ ကြီးကြီးမားမားရရှိမှာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

Postby

 

နည်းပြမော်ရင်ဟိုဟာ ၂၀၁၆ ခုနှစ် နွေရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး ယခု ကာလရှည်စာချုပ်ကို ချုပ်ဆိုဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

play

 

နည်းပြမော်ရင်ဟိုဟာ မန်ချက်စတာယူနိုက်တက်အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ၂၀၁၆ ဘောလုံးရာသီမှာ ဖလား ၃ လုံးရယူပေးခဲ့ပြီး ပရီးမီးယားလိဂ်မှာ အဆင့် ၆ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပေမယ့် ဥရောပချန်ပီယံလိဂ်ပါဝင်ကစားခွင့်ရရှိအောင် ပြုလုပ်ပေးနိုင်ခဲ့တဲ့နည်းပြဖြစ်ပါတယ်။

 

Source & Photos: The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ