EPL: ဆန်းချက်ဇ်နဲ့အိုဇေးလ်ကို ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဆုံးရှုံးသွားနိုင်တယ်လို့ ဝင်းဂါး ဝန်ခံ

အာဆင်ဝင်းဂါးအနေနဲ့ ဆုံးဖြတ်ရခက်တဲ့အခြေအနေဖြစ်နေတာပါ။

play

 

အာဆင်နယ်အသင်းဟာ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ကို ရောက်ရှိနေပြီဖြစ်တဲ့ ဆန်းချက်ဇ်နဲ့ အိုဇေးလ်တို့ကို လာမယ့်နွေရာသီ အပြောင်းအရွှေ့ကာလမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုရတော့မှာဖြစ်ပါတယ်။

ဒါကြောင့် လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အာဆင်နယ်အသင်းက ဆုံးရှုံးမှုနည်းပါးဖို့အတွက် အိုဇေးလ်နဲ့ ဆန်းချက်ဇ်တို့ကို ရောင်းချဖွယ်ရှိနေပါတယ်။

play

မန်ချက်စတာစီးတီးအသင်းဟာ အာဆင်နယ်အသင်းရဲ့တောင်ပံကစားသမား အလက်ဆစ်ဆန်းချက်ဇ်ကို ပြီးခဲ့တဲ့ သြဂုတ်လ အပြောင်းအရွှေ့နောက်ဆုံးနေ့အထိ ခေါ်ယူဖို့ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အာဆင်ဝင်းဂါးက အိုဇေးလ်နဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပေမယ့် သဘောတူညီမှုရရှိဖို့ နီးကပ်ခဲ့ခြင်းမရှိခဲ့ဘူးလို့ ဝန်ခံခဲ့ပါတယ်။

Postby

 

"ခင်ဗျားသာ ကျွန်တော်တို့လို အခြေအနေမျိုးမှာ ရှိနေခဲ့မယ်ဆိုရင် အဆင်ပြေမယ့် အမျိုးမျိုးသောဖြေရှင်းနည်းတွေကို မျှော်မှန်းမိမှာပါ"

"အင်း။ အဲဒါ ဖြစ်နိုင်ပါတယ်"

သူတို့နှစ်ယောက်ရဲ့စာချုပ်သက်တမ်းနောက်ဆုံးနေ့အထိ စာချုပ်သစ်ချုပ်ဆိုဖို့ ညှိနှိုင်းသွားဖို့ ရှိ၊ မရှိကို မေးမြန်းတဲ့အခါမှာ "ဟင့်အင်း။ အဲဒီအချိန်မှာတော့ မလုပ်တော့ဘူး"လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

play

 

တစ်ပတ်လုပ်ခ လစာငွေ ၃ သိန်း ၅ သောင်းအထိ တိုးမြှင့်တောင်းခံနေတဲ့ အိုဇေးလ်ရဲ့ဆန္ဒအတိုင်း ပေးသွားဖို့ရှိလားလို့ မေးတဲ့အခါ ဝင်းဂါးက လက်ခံမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ အာဆင်နယ်အသင်းက စာချုပ်သစ်မှာ တစ်ပတ်လုပ်ခ ပေါင် ၂၇၅၀၀၀ နဲ့ ညှိနှိုင်းခဲ့တာဖြစ်ပါတယ်။

 

Source & Photos: Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ