EPL: တံကောက်ကြောဒဏ်ရာကြောင့် ပဲလေ့စ်နဲ့ ပွဲကို မိုရာတာ လွဲချော်မည်

ချဲလ်ဆီးအသင်းအနေနဲ့ မိုရာတာအပြင် နောက်ထပ် ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ ကန်တေကိုလည်း ဒဏ်ရာကြောင့် လက်လွှတ်ထားရပါတယ်။

ချဲလ်ဆီးအသင်း တိုက်စစ်မှူး မိုရာတာအနေနဲ့ တံကောက်ကြော ဒဏ်ရာကြောင့် လာမယ့် စနေနေ့မှာ ကစားမယ့် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို လွဲချော်တော့မယ်လို့ သိရပါတယ်။

play

 

မိုရာတာအနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့က ကစားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ ပွဲစဉ်မှာ ရခဲ့တဲ့ ဒဏ်ရာကြောင့်စပိန်အသင်းနဲ့ ပွဲစဉ်တွေကို လွဲချော်ခဲ့ရပြီးနောက် ယခုတစ်ဖန် ကလပ်အသင်းပွဲစဉ်ကိုပါ ထပ်မံ လွဲချော်ရတော့မှာ ဖြစ်ပါတယ်။

 

ဆေးစစ်ဆေးချက်တွေအရ မိုရာတာအနေနဲ့ အနည်းဆုံး ၆ ပတ်ကနေ ၈ ပတ်အထိ အနားယူရမှာဖြစ်ပေမယ့်လည်း လာမယ့် ဗုဒ္ဓဟူးနေ့မှာ ကစားရမယ့် ရိုးမားနဲ့ ချန်ပီယံလိဂ်ပွဲကိုတော့ ပါဝင်ကစားနိုင်မယ်လို့ ချဲလ်ဆီးအသင်းက ထုတ်ပြန်ထားတာကိုလည်း သိရပါတယ်။

ယခုတစ်ပတ်မှာ ပြုလုပ်ခဲ့တဲ့ ချဲလ်ဆီးအသင်းရဲ့ ထရိန်နင်မှာလည်း မိုရာတာအနေနဲ့ အနားယူနေခဲ့တယ်လို့လည်းသိရပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ မိုရာတာအပြင် နောက်ထပ် ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ ကန်တေကိုလည်း ဒဏ်ရာကြောင့် လက်လွှတ်ထားရပါတယ်။

Postby

Source- METRO

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ