EPL: ရီးရဲမက်ဒရစ်နဲ့အပြိုင် ဟယ်ရီကိန်းကို ခေါ်ယူသွားမယ့် မန်ချက်စတာယူနိုက်တက်

ဟယ်ရီကိန်းဟာ ယခုရာသီမှာ ပြိုင်ပွဲစုံ ၁၃ ပွဲကစားထားပြီး ၁၅ ဂိုးသွင်းယူထားပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ထိပ်တန်းပစ်မှတ်အနေနဲ့ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို ရီးရဲမက်ဒရစ်အသင်းနဲ့အပြိုင် ခေါ်ယူသွားမယ်လို့ သိရပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ စပါးအသင်းရဲ့တိုက်စစ်မှူးဟယ်ရီကိန်းကို ပေါင်သန်း ၁၇၀ နဲ့ကမ်းလှမ်းဖို့တောင် ကြိုတင်ပြင်ဆင်ထားပြီးပြီလို့ စပိန်သတင်းစာတွေက ရေးသားနေကြပါတယ်။

Postby

 

မန်ချက်စတာယူနိုက်တက်အသင်းကလည်း ရီးရဲမက်ဒရစ်အသင်းနဲ့အပြိုင် ဈေးပိုပေးပြီး ဝယ်ယူဖို့ ဆုံးဖြတ်ထားပြီး ဟယ်ရီကိန်းကို ကာလရှည်စာချုပ်ချုပ်ဆိုသွားဖို့ နည်းပြမော်ရင်ဟိုက အလိုရှိနေတယ်လို့ The Sun သတင်းစာကရေးသားထားပါတယ်။

အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ယခုရာသီမှာ ပြိုင်ပွဲစုံ ၁၃ ပွဲကစားထားပြီး ၁၅ ဂိုးအထိ သွင်းယူပေးထားနိုင်တဲ့ကစားသမားဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ရာသီအစ ပွဲစဉ် ၃ ပွဲမှာ ဂိုးပေါက်ပျောက်ဆုံးခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အကောင်းဆုံးပုံစံ ရရှိနေပြီဖြစ်ပါတယ်။

play

 

တော့တင်ဟမ်ဟော့စပါးအသင်းအတွက် စုစုပေါင်း ပွဲပေါင်း ၁၂၀ ပွဲထွက်ကစားပေးထားပြီး ၈၄ ဂိုးအထိ သွင်းယူပေးထားခဲ့ပါတယ်။ ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့ ၂၀၁၅၊ ၂၀၁၆ ဘောလုံးရာသီမှာ ဂိုးအများဆုံးသွင်းယူနိုင်ခဲ့ပြီး ရွှေဖိနပ်ဆုကို ၂ နှစ်ဆက်တိုက် ရယူထားနိုင်ခဲ့ပါတယ်။

Source & Photos: Dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ