EPL: အန်းဖီးမှာ ကစားရတာ ငရဲကျနေသလိုပဲလို့ ဝန်ခံလိုက်တဲ့ ဆီဗက်စတာ

မန်ယူဘယ်နောက်ခံလူဟောင်း ဆီဗက်စတာက လီဗာပူးအသင်းကို ထိန်းချုပ်ထားဖို့ တောင်းဆိုခဲ့တာပါ။

play

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နောက်ခံကစားသမားဟောင်း ဆီဗက်စတာက စနေနေ့မှာ သွားရောက်ယှဉ်ပြိုင်ရမယ့် လီဗာပူးအသင်းရဲ့အိမ်ကွင်းကို ငရဲလို့ ကြိုတင်မျှော်မှန်းထားသင့်ကြောင်း သတိပေးလိုက်တာဖြစ်ပါတယ်။

play

 

ဆီဗက်စတာက လီဗာပူးအသင်းနဲ့တွေ့ဆုံရတဲ့ပွဲစဉ်ဟာ ဘယ်တုန်းကမှ လွယ်ကူခဲ့တာမရှိတာကြောင့် နည်းပြမော်ရင်ဟိုကို ကြိုတင်ပြင်ဆင်သွားစေချင်နေတာဖြစ်ပါတယ်။

Postby

 

"ခင်ဗျား ငရဲပြည်ရောက်သွားသလို ခံစားရပါလိမ့်မယ်"

"ခင်ဗျားကို လှိုက်လှိုက်လှဲလှဲကြိုဆိုမှာမဟုတ်ဘူး။ အမုန်းတရားတွေကို ခံစားရမှာ အသေအချာပဲ။ အဲဒါဟာ ဆန့်ကျင်ဘက် ပတ်ဝန်းကျင်လည်းဖြစ်တယ်။ ခင်ဗျားကြုံတွေ့လာရမယ့် ဒုက္ခတွေကို ခင်ဗျားဘယ်လို ပြန်ပြီးတုံ့ပြန်မလဲဆိုတာကိုပါ ကြည့်လို့ရတဲ့ အချိန်အခါလည်းဖြစ်ပါတယ်။ အဲဒီမှာ ပြိုင်ပွဲတွေကို အနိုင်ရဖို့ အကောင်းဆုံးနေရာပဲ"လို့ ပြောခဲ့ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးအသင်းရဲ့အိမ်ကွင်း အန်းဖီးမှာ သွားရောက်ယှဉ်ပြိုင်ခဲ့စဉ်က ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့ပြီး အိမ်ကွင်းမှာ တွေ့ဆုံခဲ့တဲ့ပွဲစဉ်မှာလည်း တစ်ဖက် ၁ ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

 

Source & Photos: Dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ