AD
AD
AD
play

 

ဆန်းဒါးလန်းအသင်းဟာ ယခုရာသီမှာ ရလဒ်တွေဆိုးရွားနေပြီး တန်းဆင်းဇုန်မှာ ကျရောက်နေတဲ့အတွက် နည်းပြ ဂရေးဆန်းကို နည်းပြ ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။

ဂရေးဆန်းဟာ ၁၅ ပွဲကစားပြီးချိန်မှာ ၁ ပွဲသာ အနိုင်ရလဒ် ရယူနိုင်ခဲ့တဲ့ ဒေးဗစ်မိုရက်စ်ရဲ့နေရာမှာ နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်ပြီး ဘော်တန်အသင်းနဲ့တစ်ဖက် ၃ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်အပြီးမှာ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

play

 

ယင်းပွဲစဉ်မှာ အနိုင်မရရှိခဲ့တဲ့အတွက် ဆန်းဒါးလန်းအသင်းဟာ ချန်ပီရှစ်လိဂ်ပြိုင်ပွဲမှာ အဆင့် ၂၂ နေရာထိ ရောက်ရှိခဲ့ပြီး တန်းဆင်းဇုန်ထဲကို ရောက်ရှိနေတာဖြစ်ပါတယ်။ ဂရေးဆန်းဟာ ဆန်းဒါးလန်းအသင်းကို ဇွန်လမှာ ရောက်ရှိခဲ့သူဖြစ်ပြီး နည်းပြအဖြစ် တာဝန်ယူပြီး ၄ လအကြာမှာ ထုတ်ပယ်ခံလိုက်ရတာဖြစ်ပါတယ်။

play

 

ယခုအပတ်အစောပိုင်းက ဂရေးဆန်းဟာ ဆန်းဒါးလန်းအသင်းကို ပုံစံကောင်းတွေ ပြန်လည်ရရှိလာအောင် ပြုလုပ်ပေးချင်တဲ့ ဆန္ဒရှိပြီး မိမိကသာ ဆန်းဒါးလန်းအသင်းနဲ့ အသင့်တော်ဆုံးသူဖြစ်ကြောင်းပြောကြားခဲ့ပါသေးတယ်။

"ကျွန်တော်က အသင့်တော်ဆုံးလူလားဆိုတော့ ဟုတ်ပါတယ်။ ကျွန်တော်က အသင့်တော်ဆုံးပါ"

"ဒီအလုပ်ကို လိုချင်နေတဲ့ ကျွန်တော့်ထက်ပိုတော်ပြီး အတွေ့အကြုံပိုရှိတဲ့နည်းပြတွေ ရှိပါတယ်။ ကျွန်တော်ကတော့ အခုအချိန်မှာ သူတို့ထက်ပိုပြီး ကောင်းအောင်လုပ်ပြနိုင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: Dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD