AD
AD
AD
play

 

ယနေ့နံနက် ၂ နာရီ ၁၅ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ရိုးမားအသင်းနဲ့ ချယ်ဆီးအသင်းတို့ရဲ့ပွဲစဉ်မှာ ရိုးမားအသင်းက ၃ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။

ချယ်ဆီးအသင်းရဲ့နည်းပြကွန်တီက ရိုးမားအသင်းကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ အသင်းသားတွေကို အနိုင်ရလဒ်ကို ဆာလောင်မှုမရှိ၊ အနိုင်လိုချင်တဲ့စိတ်ဆန္ဒမရှိကြဘူးလို့ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

play

 

"ကျွန်တော်တို့အသင်းနာမည်က ချယ်ဆီး။ ချယ်ဆီးဆိုတာတဲ့ နာမည်ကို ကြားတာနဲ့ ပြိုင်ဘက်က အလိုလိုကြောက်ရွံ့နေမယ်လို့ တွေးနေတယ်ဆိုရင်တော့ အဲဒါမှန်ကန်တဲ့ နည်းလမ်းမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ရာသီက ပြသနိုင်ခဲ့တဲ့ အနိုင်ရလဒ်ဆာလောင်မှုတွေကို ဒီရာသီမှာလည်း ပြသနိုင်ဖို့ ကြိုးစားသင့်ပါတယ်"

"ဒီရာသီမှာတော့ တက်လိုက်ကျလိုက်နဲ့ပါပဲ။ တကယ်လို့ ခင်ဗျားအသင်းကသာ အသင်းကြီးတစ်သင်းဖြစ်ခဲ့မယ်ဆိုရင် ခင်ဗျားအနေနဲ့ တည်ငြိမ်မှု ရှိရမယ်။ စိတ်ချယုံကြည်မှု ရှိရမယ်။ အခုအချိန်မှာတော့ ကျွန်တော်တို့ဟာ အဲဒီလိုမျိုးအနေအထားဖြစ်ဖို့အတွက် တော်တော်ရုန်းကန်နေရပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

play

 

ရိုးမားအသင်းဟာ ပထမပိုင်းမှာ ၂ ဂိုးသွင်းယူပြီး ဦးဆောင်ကစားခဲ့သလို ဒုတိယပိုင်းမှာလည်း နောက်ထပ်တစ်ဂိုးသွင်းယူပြီး ချယ်ဆီးအသင်းကို ဂိုးပြတ်အနိုင်ယူခဲ့တာဖြစ်ပါတယ်။ ချယ်ဆီးအသင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ တွေ့ဆုံကစားသွားဖို့ရှိနေတာဖြစ်ပါတယ်။

Source & Photos: Dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD