AD
AD
AD
play

 

ယနေ့နံနက်မှာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘင်ဖီကာအသင်းနဲ့ပွဲစဉ်မှာ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းဟာ နောက်တစ်ဆင့်ကို တက်ရောက်ဖို့အတွက် သေချာသွားခဲ့ပြီဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကို နည်းပြ မော်ရင်ဟို စတင်ကိုင်တွယ်ခဲ့တဲ့ ၂၀၁၆ ဘောလုံးရာသီကစပြီး ယနေ့အချိန်အထိ အိမ်ကွင်းမှာ ပြိုင်ပွဲစုံ လက်ခံယှဉ်ပြိုင်ခဲ့ရာ တစ်ပွဲသာရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ယင်းပွဲစဉ်ဟာ ပြီးခဲ့တဲ့ရာသီက မန်ချက်စတာစီးတီးအသင်းကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ အိမ်ကွင်းမှာ ၃၈ ပွဲအထိ အိမ်ကွင်းမှာ ရှုံးပွဲမရှိသေးဘဲ ၁၁ ပွဲသရေ ၂၇ ပွဲအနိုင်ရရှိထားပါတယ်။ ဘင်ဖီကာအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ စံချိန်သစ်ရေးထိုးနိုင်ခဲ့တဲ့ မော်ရင်ဟိုက "ကျွန်တော် ပျော်တာထက်ကို ပိုပါတယ်"

"ကျွန်တော်တို့ ကစားသမားတော်တော်များများ ပြောင်းလဲခဲ့တယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နဂိုမူလသဘာဝဖြစ်နေတဲ့ အရာတွေကို ချိုးဖောက်ပြီး လမ်းသစ်ဖောက်ခဲ့ရပါတယ်"

play

"ဒီနေ့ ဘင်ဖီကာအသင်းနဲ့ပွဲစဉ်မှာ အကယ်ဒမီက ကလေးတွေတောင် ထည့်ကစားပါသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဂိုးမပေးခဲ့ရပါဘူး။ အနိုင် ၃ မှတ်ရရှိခဲ့ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့် တနင်္ဂနွေနေ့ ည ၁၁ နာရီမှာ ချယ်ဆီးအသင်းရဲ့အိမ်ကွင်း စတန်းဖို့ဒ်ဘရစ်ခ်ျမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD