AD
AD
AD
play

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယနေ့နံနက်က ဘင်ဖီကာအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ယင်းပွဲစဉ်အတွင်း ဒုတိယပိုင်းမှာ ရရှိခဲ့တဲ့ ပင်နယ်တီပြစ်ဒဏ်ဘောကို လူကာကူအစား နောက်ခံလူဒါလေဘလင်းကို ကန်သွင်းခိုင်းခဲ့တာ မိမိရဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့
မော်ရင်ဟိုက ရှင်းပြခဲ့ပါတယ်။

play

ပထမပိုင်း ၁၅ မိနစ်မှာလည်း ပင်နယ်တီကန်ခွင့်ရရှိခဲ့ပြီး မာရှယ်ကန်သွင်းခဲ့ရာမှာ ဘင်ဖီကာဂိုးသမား မီလီဆဗီလာက ကာကွယ်နိုင်ခဲ့တာကြောင့် ဂိုးရရှိခဲ့ခြင်းမရှိပါဘူး။ ဒုတိယပိုင်း ၇၅ မိနစ်မှာ မာရှယ်အစား လူစားဝင်ကစားခဲ့တဲ့ မားကပ်ရက်ရှ်ဖို့ဒ်ကြောင့် ပွဲချိန် ၈၇ မိနစ်မှာ ဒုတိယမြောက် ပင်နယ်တီကို ထပ်မံရရှိခဲ့ပါတယ်။ ယင်းပယ်နယ်တီပြစ်ဒဏ်ဘောကို လူကာကူက ကန်သွင်းဖို့ ပြင်နေချိန်မှာ မော်ရင်ဟိုက ဒါလေဘလင်းကို ပင်နယ်တီ ကန်သွင်းဖို့ ညွှန်ကြားခဲ့တာဖြစ်ပါတယ်။

play

 

"အဲဒါက ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ပါ။ မှန်ချင်မှန်မယ်၊ မှားချင်လည်း မှားသွားနိုင်တယ်။ ပထမပိုင်းမှာ ပင်နယ်လွဲမယ့်သူကို ကျွန်တော် ကန်သွင်းစေခဲ့တယ်။ ဒုတိယပိုင်းမှာတော့ ပင်နယ်တီလွဲသွားလို့ နောင်တရမှာကို ကျွန်တော်မလိုချင်ဘူး။ ဒီပွဲအတွက် ပင်နယ်တီကန်ဖို့ မာရှယ်ကို ကျွန်တော် တာဝန်ပေးခဲ့ပါတယ်။ ပထမပိုင်းတုန်းက သူပင်နယ်တီကန်တာ မဝင်ခဲ့ဘူး။ ဒုတိယပင်နယ်တီရတဲ့အချိန်မှာတော့ သူ့ကိုလူစားလဲပြီးသွားပြီ။ အဲဒါကြောင့် ဒါလေဘလင်းကို ကန်ဖို့ ပြောခဲ့တာ"လို့ မော်ရင်ဟိုက ရှင်းပြခဲ့ပါတယ်။

play

 

"လူကာကူကလည်း ပင်နယ်တီကို ကန်ချင်တာပဲ။ ဟာရဲရားလည်း အတူတူပဲ။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ ဒါလေဘလင်းကို လေ့ကျင့်ရေးတုန်းကအခြေအနေအရ ကန်သွင်းစေခဲ့တာပါ။ ကစားသမားတွေကလည်း ကျွန်တော့်ဆုံးဖြတ်ချက်ကို စောဒကမတက်ဘဲ လေးစားလိုက်နာခဲ့ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD