AD
AD
AD

ချဲလ်ဆီးအသင်းကနေ ထွက်ခွာမယ်လို့ သတင်းထွက်ပေါ်နေတဲ့ လူငယ်ကစားသမားလေး ချာလီမူဆန်ဒါကို လန်ဒန်ဒါဘီကလပ် အာဆင်နယ်အသင်းက ခေါ်ယူဖို့ ဆက်သွယ်နေတယ်လို့ သိရပါတယ်။

play

 

အသက် ၂၁ နှစ်အရွယ်သာရှိသေးတဲ့ အဆိုပါ လူငယ်ကစားသမားမှာ နည်းပြကွန်တီလက်အောက်မှာ မကစားလိုတော့တာကြောင့်အသင်းမှ ထွက်ခွာတော့မယ်လို့ ၎င်းရဲ့ တွစ်တာအကောင့်မှတဆင့် ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ဒါကြောင့် မူဆန်ဒါအနေနဲ့လာမယ့် အပြောင်းအရွှေ့ရာသီမှာအသင်းမှာ ထွက်ခွာဖို့ ကြိုးစားနေပေမယ့်လည်း ၎င်းရဲ့စာချုပ်သက်တမ်းမှာ ၂၀၁၉ ဇွန်လအထိရှိနေပါတယ်။

 

မူဆန်ဒါအနေနဲ့ ယခုနှစ်ရာသီမှာလည်း အသင်းနဲ့အတူ ၂၆ မိနစ်သာပွဲထွက်ကစားခွင့်ရထားသေးပြီး လိဂ်ဖလားရှုံးထွက်ပြိုင်ပွဲနှစ်ပွဲသာ ပါဝင်ခွင့်ရထားပါတယ်။

ချဲလ်ဆီးနည်းပြကွန်တီကတော့-"ကျွန်တော်သူနဲ့စကားပြောကြည့်ပြီးပါပြီ။သူ့အနေနဲ့ အမှားကို နားလည်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။အရိုးသားဆုံးပြောရရင် သူအလုပ်ကို ဆက်တိုက်လုပ်ချင်နေတယ်။သူရဲ့ကြံ့ခိုင်မှုနဲ့ လုပ်ပြနိုင်စွမ်းကိုလည်း သက်သေပြချင်နေတယ်။ဒါပေမယ့်လည်း သူအကောင်းဆုံးလုပ်ပြထားနိုင်ပါတယ်။" လို့ သုံးသပ်ပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း မူဆန်ဒါအနေနဲ့ ပွဲထွက်ခွင့်လုံးဝမရတဲ့ချဲလ်ဆီးအသင်းနဲ့အတူ စာချုပ်သက်တမ်းတိုးတော့မှာ မဟုတ်ဘူးလို့ အတိအလင်း ထုတ်ဖော်ပြောခဲ့တာကြောင့် လာမယ့်ဇန်န၀ါရီဈေးကွက်မှာ အသင်းမှ ထွက်ခွာဖို့ ကြိုးစားနေပြီဖြစ်ပါတယ်။

ဒါ့အပြင် လိဂ်ဖလားပြိုင်ပွဲနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာ လူငယ်တွေကို ဦးစားပေးပွဲထွက်ခွင့်ပြုထားတဲ့ လန်ဒန်ပြိုင်ဘက် အာဆင်နယ်အသင်းကလည်း ခေါ်ယူချင်နေတာကြောင့် နှစ်ဦးနှစ်ဖက် စကားပြောနေပြီလို့လည်း သိရပါတယ်။

Postby

Source-Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD