AD
AD
AD

အာဆင်နယ်အသင်း မန်နေဂျာ အာစင်ဝင်းဂါးက အသင်းမှ ကွင်းလယ်ကစားသမား ဂျက်ဝီးလ်ရှိုင်းယားကို အင်္ဂလန်အသင်းရဲ့ ကစားသမားစာရင်းမှာ ပြန်လည်ခေါ်ယူသင့်တယ်လို့ ပြောကြားလိုက်ပါတယ်။

play

 

အသက် ၂၅ နှစ်အရွယ် ၀ီးလ်ရှိုင်းယားအနေနဲ့ အင်္ဂလန်အသင်းနဲ့အတူ ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ် ယူရိုဖလားပြိုင်ပွဲမှာ အိုက်စလန်ကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးကတည်းက အရွေးချယ်မခံခဲ့ရတော့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အင်္ဂလန်အသင်း မန်နေဂျာ ဂရိတ်ဆောက်ဂိတ်ကတောာ့ အသင်းရဲ့ လူစာရင်းကို ကြေညာခဲ့ပြီဖြစ်ပြီး ၀ီးလ်ရှိုင်းယားကတော့ ပါဝင်လာခဲ့ခြင်း မရှိပေ။

"ဂျက်က အခုဆို ကြံ့ခိုင်မှုအရမ်းကိုကောင်းမွန်နေပါပြီ။ဒါကို အင်္ဂလန်အသင်းရဲ့ လူစာရင်းမှာ မခေါ်ယူတာ စဉ်းစားလို့မရပါဘူး။"လို့ အာစင်ဝင်းဂါးက ဆိုပါတယ်။

ဝီးလ်ရှိုင်းယားမှာ ယမန်နှစ်ရာသီက အာဆင်နယ်အသင်းမှ ဘုန်းမောက်အသင်းကို အငှားနဲ့ သွားရောက်ကစားခဲ့ရပြီး ဒဏ်ရာကြောင့်အနားယူနေခဲ့ရသူလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယခုနှစ်ရာသီမှာ အာဆင်နယ်အသင်းကို ပြန်လည်ရောက်ရှိကာ ဒဏ်ရာလည်း ပျောက်ကင်းသွားပြီဖြစ်တာကြောင့် အသင်းရဲ့ ပွဲစဉ်တော်တော်များများမှာ ပြန်လည်ပါဝင်ကစားလာနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

အာဆင်နယ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ပွဲစဉ် ၈၀ကို ပွဲထွက်ပါဝင်ကစားပေးထားခဲ့သူ ၀ီးလ်ရှိုင်းယားမှာ အဲဗာတန်အသင်းကို ၅-၂နဲ့အနိုင်ရခဲ့တဲ့ ပွဲမှာ ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီး ၁၄ လာအကြာမှာ အသင်းအတွက် ပထမဆုံး ပရီးမီးယားလိဂ်ပွဲ ပြန်လည်ကစားထားခဲ့ပါတယ်။

Postby

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD