AD
AD
AD
play

လာမယ့်တနင်္ဂနွေနေ့မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချယ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။ ယင်းပွဲစဉ်နဲ့ပတ်သက်ပြီး ချယ်ဆီးအသင်းရဲ့ကစားသမားဟောင်းဖြစ်တဲ့ မာတစ်က သူ့ရဲ့ စကားသံအချို့ကို ပြောပြခဲ့ပါတယ်။

play

 

"ကျွန်တော့်ရဲ့အရည်အသွေးတွေကို ချယ်ဆီးအသင်းမှာရှိတုန်းက သက်သေပြခဲ့ပြီးလို့ ထင်ပါတယ်။ အမှတ်ပေးဖလား ၂ ခု ရယ်၊ ပြည်တွင်းဖလား ၂ လုံးပါ ရယူပေးခဲ့ပြီးသားမို့ ထပ်ပြီး သက်သေပြစရာ မလိုတော့ပါဘူး။ ဒီတစ်ခါ ပြသရမှာက ကျနော့်ရဲ့ အသင်းသစ်အတွက် အကောင်းဆုံးခြေစွမ်းပါ"

"ကျွန်တော်က ချယ်ဆီးအသင်းမှာ ၃ နှစ်ခွဲလောက် ကစားပေးခဲ့တာမို့ ဒီတစ်ခါ ပြိုင်ဘက်အနေနဲ့ ပြန်ကစားရမှာက ထူးဆန်းနေမှာပါ။ ဒီတစ်ကြိမ်က ပြိုင်ဘက်တစ်ယောက်အနေနဲ့ ပြန်လာခဲ့တာဖြစ်လို့ ပရော်ဖက်ရှင်နယ်ဆန်အောင် ကစားပြရမှာဖြစ်သလို မန်ယူအသင်း အတွက်လည်း အကောင်းဆုံးဖြစ်အောင် ကစားသွားမှာပါ"

play

 

"ကျွန်တော် ချယ်ဆီးအသင်းအတွက် ကစားပေခဲ့တုန်းကလည်း အပြည့်အဝပေးဆပ်ခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့ လေးစားမှု အပြည့်ထားကြမယ်ဆိုတာ သေချာပေါက်ပြောရဲပါတယ်။ အဲလို ဖြစ်မလာခဲ့ရင်လည်း ဂရုစိုက်နေမှာ မဟုတ်ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD