AD
AD
AD

နည်းပြလစ်လပ်လျက်ရှိနေတဲ့ ပရီးမီးယားလိဂ်ကလပ် ဆန်းဒါးလန်းအသင်းမှာ မစ်ဒယ်ဘရော့အသင်းရဲ့ နည်းပြဟောင်း အိုက်သာ ကာရန်ကာကို အစားထိုးခန့်အပ်လိုက်ပြီလို့ သိရပါတယ်။

play

 

ဆန်းဒါးလန်းအသင်းအနေနဲ့ လက်ရှိမှာ ရလဒ်များ ဆိုးရွားနေတာကြောင့် နိုဝင်ဘာလ ၁ ရက်နေ့က နည်းပြ ဆိုမွန်ဂရေးဆန်ကို ထုတ်ပယ်ပြီးနောက် အခုလို နည်းပြသစ်ကို ပြောင်းလဲ ခန့်အပ်လိုက်တာလည်း ဖြစ်ပါတယ်။

 

လက်ရှိမှာတော့ အသက် ၄၄ နှစ်အရွယ်နည်းပြ ကာရန်ကာရောက်ရှိလာပြီဖြစ်တာကြောင့် လာမယ့် နိုဝင်ဘာလ ၅ ရက်နေ့မှာ မစ်ဒယ်ဘရော့အသင်းနဲ့ကစားရမယ့် ချန်ပီယံရှစ်ပွဲစဉ်မှာ ပထမဆုံး အကြိမ်စတင်ကိုင်တွယ်တော့မှာလည်း ဖြစ်ပါတယ်။

နည်းပြ ကာရန်ကာအတွက်ကတော့ ဆန်းဒါးလန်းအသင်းကို ပထမဆုံး တာဝန်ယူကိုင်တွယ်ရတဲ့ပွဲမှာ လွန်ခဲ့တဲ့ ၄ နှစ်က တာဝန်ယူကိုင်တွယ်ခဲ့တဲ့ အသင်းဟောင်း မစ်ဒယ်ဘရော့အသင်းကို ပြန်လည်ရင်ဆိုင်ရမယ့်အရေးနဲ့လည်း ကြုံနေ

တာဖြစ်ပါတယ်။

ဆန်းဒါးလန်းအသင်းမှာ နောက်ဆုံးကစားထားတဲ့ ပြိုင်ပွဲစုံ ၁၂ ပွဲဆက်နိုင်ပွဲမရရှိထားတာလည်းဖြစ်ပြီး လက်ရှိမှာ အင်္ဂလန်ချန်ပီယံရှစ် အမှတ်ပေးဇယား အဆင့် ၂၂ နေရာမှာ ရပ်တည်နေရတာလည်း ဖြစ်ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD