AD
AD
AD

မန်ယူအသင်းရဲ့ ချဲလ်ဆီးနည်းပြဟောင်း မော်ရင်ဟိုက မိမိမှာ မန်ယူနည်းပြဖြစ်နေပေမယ်လည်း ချဲလ်ဆီးအသင်း ပရိသတ်တွေကတော့ မိမိကို ချစ်နေကြဆဲဆိုတာ ယုံကြည်နေတယ်လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

play

 

မော်ရင်ဟိုမှာ ချဲလ်ဆီးအသင်းကို ၂၀၀၄-၀၅နဲ့ ၂၀၀၅-၀၆ ခုနှစ်တို့မှာ နှစ်ပေါင်း ၅၀အကြာဝေးကွာနေခဲ့တဲ့ ပရီးမီးယားလိဂ် ဆုဖလားကို ရယူပေးနိုင်ခဲ့တဲ့ နည်းပြတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။

 

၂၀၀၇ ခုနှစ်မှာတော့ အသင်းနဲ့လမ်းခွဲခဲ့ပြီး ၂၀၁၃ ခုနှစ်မှာတော့ အသင်းကိုတစ်ဖန်ပြန်လည်ကိုင်တွယ်ခဲ့ချိန်မှာလည်း အသင်းနဲ့အတူ တတိယမြောက် ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ယူအသင်းကို နည်းပြချိန်မှာတော့ ချဲလ်ဆီးအသင်းနဲ့ တွေ့ဆုံမှုနှစ်ကြိမ်စလုံးမှာ ရှုံးနိမ့်ထားတာကြောင့် ချဲလ်ဆီးအသင်းနဲ့ ပြန်လည်တွေ့ဆုံမှုတွေမှာတော့ ရလဒ်ပိုင်း ဆိုးရွားနေပါတယ်။

လာမယ့် တနင်္ဂနွေနေ့မှာတော့ မော်ရင်ဟိုအနေနဲ့ ချဲလ်ဆီးအသင်းရဲ့ အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် သွားရောက်ရင်ဆိုင်ရတော့မှာ ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်စွာ ကြိုဆိုမှုကို ခံယူချင်နေတာလည်း ဖြစ်ပါတယ်။

"ကျွန်တော် လန်ဒန်ရဲ့ လမ်းမထက်တွေမှာ လျှောက်လှမ်းချိန်ဆို ချဲလ်ဆီးပရိသတ်တွေအများကြီးကို တွေ့ရစမြဲပါပဲ။အထူးသဖြင့် ကျွန်တော်နေထိုင်တဲ့နေရာမှာ ချဲလ်ဆီးပရိသတ်တွေအများကြီးပါ။ဒါပေမယ့်လည်း မနက်ဖြန်မှာတော့ သူတို့

ဆီကို ပြိုင်ဘက်အသင်းရဲ့ နည်းပြတစ်ယောက်အဖြစ် သွားရောက်ရတော့မှာပါ။ကျွန်တော် ဘယ်လို ဆက်ဆံမှုမျိုးကိုမဆို လက်ခံဖို့ အသင့်ပါပဲ။" လို့ မော်ရင်ဟိုက ပြောခဲ့ပါတယ်။

Postby

Source- INDEPENDENT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD