AD
AD
AD

လီဗာပူးအသင်းရဲ့ တောာင်ပံကစားသမား ဆိုင်မွန်မာနေးအနေနဲ့ ယနေ့ညမှာကစားမယ့် ၀က်စ်ဟမ်အသင်းနဲ့ပွဲမှာ ပြန်လည်ပါဝင်လာဖွယ်ရှိတယ်လို့ အသင်းနည်းပြချုပ် ဂျာဂျင်ကလော့ပ်က ထုတ်ဖော်ပြောခဲ့ပါတယ်။

play

 

နိုင်ငံပွဲမှာရခဲ့တဲ့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် လအနည်းငယ်ခန့်အနားယူနေခဲ့ရရာမှ  ပြီးခဲ့တဲ့ အင်္ဂါနေ့က အသင်းထရိန်နင်မှာ လေ့ကျင့်ခန်းပြန်လည်ဆင်းနိုင်နေပြီဖြစ်ပြီလည်း ဖြစ်ပါတယ်။

play

 

ဂျာဂျင်ကလော့ပ်ကပြောရာတွင်-"ဆိုင်မွန်အနေနဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့က အသင်းနဲ့အတူ ပထမဆုံးအကြိမ် ထရိန်နင်ပြန်ဆင်းနိုင်နေပါပြီ။သူ့ကြည့်ရတာတော့တော်တော်လေးကို ကောင်းမွန်နေပြီလို့ ယူဆရပါတယ်။ဒါ့အပြင် သူ့အနေနဲ့ အများဆုံး မိနစ် ၂၀နဲ့ ၂၅ ၀န်းကျင်လောက်တော့ ကစားနိုင်ပြီလို့လည်း ယူဆလို့ရပါတယ်။ဒါပေမယ့်လည်း ကျွန်တော်တို့ အလျင်လိုလို့တော့ မရပါဘူး။သူ့ကို အချိန်ပေးရပါအုံးမယ်။" လို့ ဆိုပါတယ်။

 

မာနေးအနေနဲ့ ဒဏ်ရာပြဿနာကနေ ရုန်းထွက်လာနိုင်ခဲ့မေယ့် အခြားကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ ကော်တင်ဟိုအနေနဲ့တော့ ၀က်စ်ဟမ်းနဲ့ပွဲအတွက် မသေချာသလို အဒမ် လယ်လာနာအနေနဲ့လည်း လာမယ့် အပတ်လောက်မှသာအသင်းနဲ့ ထရိန်နင်ပြန်ဆင်းနိုင်မယ်လို့ သိရပါတယ်။

ဒါ့အပြင် ကလိုင်းမှာလည်း ကျောကုန်းဒဏ်ရာကြောင့် နားနေရဆဲဖြစ်တယ်လို့လည်းသိရပါတယ်။

Postby

Source- sky sports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD