စနေနေ့ရဲ့ အစောဆုံး ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ စတုတ်စီးတီးအသင်းနဲ့ လက်စတာအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ အပြန်အလှန်သွင်းဂိုးများနဲ့အတူ တစ်ဖက် ၂ ဂိုးစီသရေပွဲ ဖြစ်ပေါ်ခဲ့ပါတယ်။

play

 

အနိုင်ရရှိရေးအတွက် လူစုံထုတ်ကစားခဲ့ကြပြီး လက်စတာအသင်းက ဗင်းဆင့် အိုင်ဘိုရာရဲ့ သွင်းဂိုးနဲ့ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

play

 

ဒါပေမယ့်လည်း လက်စတာရဲ့ ဦးဆောင်မှုက ၆ မိနစ်သာ ကြာခဲ့ပြီး ရှာကွီရီက စတုတ်အသင်းအတွက် ပြန်လည်ချေပနိုင်ခဲ့ပါတယ်။

 

ပထမပိုင်း ပြီးဆုံးချိန်မှာ တစ်ဖက် ၁ ဂိုးစီ သရေကျနေခဲ့ပြီး ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ လက်စတာအသင်းက လူစားလဲမှု စတင်ပြု လုပ်ခဲ့ပြီး တိုက်စစ်မှူး အိုကာဇာကီနေရာမှာ လူငယ်တိုက်စစ်မှူး အီနာဟီချိုကို ထည့်သွင်းကာ တိုက်စစ်ကို ထပ်မံမြှင့်တင်လာခဲ့ရာ ပွဲချိန် မိနစ် ၆၀ အရောက်မှာ လက်စာအသင်း နောက်ထပ် ဦးဆောင်ဂိုးထပ်မံရရှိခဲ့ပါတယ်။

ဒီဂိုးကိုတော့ တောင်ပံတိုက်စစ်မှူး မာရက်ဇ်က သွင်းယူပေးခဲ့တာလည်း ဖြစ်ပါတယ်။

ဦးဆောင်ဂိုးထပ်မံပေးလိုက်ရတာကြောင့်စတုတ်စီးတီးအသင်း တိုက်စစ်ပြန်လည်မြှင့်တင်လာခဲ့ပြီး ခေါင်းတိုက်စွမ်းရည်မြင့်မားတဲံ ၀ါရင့်တိုက်စစ်မှူး ပီတာခရော့ခ်ကို ထည့်သွင်းကာ တိုက်စစ်ကို မြှင့်တင်ခဲ့ရာမှာတော့ လူစားလဲ မှန်ကန်ခဲ့တယ်လို့ ဆိုရမှာပါ။

ခေါင်းတိုက်စွမ်းရည်မြှင့်မားတဲ့ ပီတာခရော့ခ်အနေနဲ့ သူ့ရဲ့ အားသာတဲ့ အရပ်အမောင်နဲ့ ခေါင်းတိုက်ကာ စတုတ်စီးတီးအသင်းအတွက် ဒုတိယ ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ နှစ်သင်းစလုံး ဂိုးထပ်မံသွင်းယူနိုင်ခြင်း မရှိတော့ပဲ တစ်ဖက်နှစ်ဂိုးစီ သရေပွဲဖြစ်ပေါ်ခဲ့ပါတယ်။

Postby

Photos- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video