AD
AD
AD
play

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကစားသမား ဖယ်လိုင်နီဟာ ပြီးခဲ့တဲ့ နိုင်ငံတကာပွဲစဉ်တွေ ယှဉ်ပြိုင်ကစားခဲ့ရချိန် ဘော့စနီးယားအသင်းနဲ့ပွဲစဉ်မှာ ဒူးအရွတ်စုတ်ပြဲဒဏ်ရာကို ခံစားခဲ့ရပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ပွဲစဉ်တွေကို လွဲချော်နေခဲ့တာဖြစ်ပါတယ်။

play

 

နောက်ခံကစားသမား ရိုဟိုကလည်း ပြီးခဲ့တဲ့ ဧပြီလကတည်းက ဒူးဒဏ်ရာကြောင့် အနားယူနေခဲ့ရပြီး ယခုရာသီအတွက် တစ်ပွဲမှ ပါဝင်ကစားရသေးခြင်းမရှိတဲ့ ကစားသမားဖြစ်ပါတယ်။

play

 

ယင်းကစားသမား ၂ ဦးစလုံးကို ယနေ့ည ၁၁ နာရီအချိန် ချယ်ဆီးအသင်းရဲ့အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ဖို့အတွက် စနေနေ့ညနေက ထွက်ခွာသွားခဲ့တဲ့ မန်ယူအသင်းရဲ့ကစားသမားတွေနဲ့အတူ မြင်တွေ့ရတာကြောင့် ချယ်ဆီးအသင်းနဲ့ပွဲစဉ်မှာ ပြန်လည်မြင်တွေ့ရဖွယ်ရှိနေတာ ဖြစ်ပါတယ်။

play

 

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ မော်ရင်ဟိုက ချယ်ဆီးအသင်းနဲ့ပွဲစဉ်မှာ ဒဏ်ရာရကစားသမားတွေ ပါဝင်ကစားနိုင်ဖို့ သေချာအတည်မပြုနိုင်ပေမယ့် ပါဝင်နိုင်ဖို့ အခွင့်အရေးရှိနေကြောင်း အရိပ်အမြွက် ပြောကြားခဲ့တာဖြစ်ပါတယ်။

"ကြာသပတေးနဲ့ သောကြာနေ့ ကြားထဲမှာ ရှိပါသေးတယ်။ ကျွန်တော် အရမ်းကြီးမမျှော်လင့်ထားသလို မပါဝင်နိုင်ဘူးလို့လည်း မလိမ်ချင်ပါဘူး"

"သူတို့ ပြန်မကောင်းလာနိုင်ဘူးလို့ ခင်ဗျားကို ကျွန်တော် လိမ်ပြီး မပြောချင်ပါဘူး။ အဲဒီတော့ နောက် ၂ ရက်ကျရင် သူတို့ ပြန်ပါနိုင်၊ မပါနိုင် ကျွန်တော့်ထင်မြင်ချက်ကို ပိုပြီး ပြောပြနိုင်မှာပါ"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD