play

 

ယနေ့ည ၁၁ နာရီအချိန်မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၁ အဖြစ် ချယ်ဆီးအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။

play

 

ချယ်ဆီအသင်းဟာ ပြီးခဲ့တဲ့ရာသီက အိမ်ကွင်း စတန်းဖို့ဒ်ဘရစ်ဂ်ျမှာ မန်ချက်စတာယူနိုက်တက်အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။ ယင်းပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့နောက်ခံကစားသမားတွေအနေနဲ့ ကစားပုံဆိုးရွားခဲ့ပြီး ချယ်ဆီးအသင်းကန်သွင်းခဲ့တဲ့ဘောလုံးတိုင်းကို နောက်ခံလူစမောလင်း ကာကွယ်နိုင်ခဲ့ခြင်းမရှိဘဲ ဂိုးတွေ ပေးခဲ့ရတာဖြစ်ပါတယ်။

Postby

 

ချယ်ဆီးအသင်းနဲ့မန်ချက်စတာယူနိုက်တက်အသင်းတို့ဟာ သမိုင်းကြောင်းတစ်လျှောက် ၁၇၇ ကြိမ်တွေ့ဆုံခဲ့ဖူးပြီး ချယ်ဆီးအသင်းက ၅၂ ကြိမ်အနိုင်၊ ၄၉ ပွဲသရေ၊ မန်ချက်စတာယူနိုက်တက်အသင်းက ၇၆ ကြိမ်အထိ အနိုင်ရရှိထားတာကြောင့် အစဉ်အလာအရ မန်ချက်စတာယူနိုက်တက်အသင်းက အသာစီးရရှိထားပါတယ်။

play

 

ယနေ့ယှဉ်ပြိုင်မယ့်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပွဲစဉ်မှာရော၊ အက်ဖ်အေဖလားပွဲစဉ်မှာပါ ဂိုးသွင်းယူခဲ့တဲ့ ကန်တေး ပြန်လည်ပါဝင်လာမယ်လို့ သတင်းတွေထွက်ပေါ်နေသလို မန်ချက်စတာယူနိုက်တက်အသင်းဘက်မှာလည်း ဒဏ်ရာရရှိနေတဲ့ ပေါ့ဂ်ဘာ၊ ဖယ်လိုင်နီ၊ ရိုဟိုတို့ ပြန်လည်ပါဝင်လာဖွယ်ရှိတယ်လို့ သိရပါတယ်။

play

 

စတန်းဖို့ဒ်ဘရစ်ခ်ျကို တစ်ကျော့ပြန်လာခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုအနေနဲ့ ပြီးခဲ့တဲ့ရာသီက ၄ ဂိုးပြတ် ရှုံးနိမ့်ခဲ့ရတဲ့ ရှုံးကြွေးကို ပြန်ဆပ်နိုင်မလား၊ နောက်ထပ် အကြွေးထပ်တင်သွားမလားဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်။

 

Photos: ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video