AD
AD
AD
play

 

ယနေ့ညနေ ၆ နာရီ ၃၀ မိနစ်မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၁ အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ ခရစ်စတယ်ပဲလေ့စ်အသင်းတို့ရဲ့ပွဲစဉ်မှာ တော့တင်ဟမ်ဟော့စပါးအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

ပထမပိုင်း စတင်ချိန်ကတည်းက တစ်ဖက်နဲ့တစ်ဖက် ဂိုးသွင်းယူနိုင်ဖို့ ကြိုးစားခဲ့ကြပြီး ဂိုးသွင်းခွင့်တွေရခဲ့ကြပေမယ့် ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ပထမပိုင်း ပြီးဆုံးခါနီး ၄၃ မိနစ်မှာ ခရစ်စတယ်ပဲလေ့စ်အသင်းရဲ့နောက်ခံကစားသမား စကော့ဒန်းရဲ့ကန်သွင်းချက်ကို စပါးအသင်းရဲ့ဂိုးသမား  ဂက်ဇနီဂါ ပုတ်ထုတ်နိုင်ခဲ့တဲ့အတွက် ခရစ်စတယ်ပဲလေ့စ်အသင်း အဖွင့်ဂိုးရရှိမယ့်အခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။

play

 

ဒုတိယပိုင်းမှာ ခရစ်စတယ်ပဲလေ့စ်အသင်းဟာ စပါးအသင်းရဲ့ဂိုးပေါက်ကို ခြိမ်းခြောက်ခဲ့ပြီး ၅၇ မိနစ်မှာ ခရစ်စတယ်ပဲလေ့စ်အသင်းရဲ့တိုက်စစ်မှူး ဇာဟာ ဂိုးသမားကို ကျော်ဖြတ်ပြီး ကန်သွင်းခဲ့ရာမှာ ဂိုးပေါက်နဲ့ လွဲချော်ခဲ့တာကြောင့် ခရစ်စတယ်ပဲလေ့စ်အသင်းအတွက် နစ်နာခဲ့ပါတယ်။

play

 

၆၄ မိနစ်မှာ ဆွန်ယောင်မင်းက တော့တင်ဟမ်ဟော့စပါးအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ခရစ်စတယ်ပဲလေ့စ်အသင်းရဲ့နောက်ခံကစားသမားတွေ ရှုပ်ယှက်ခတ်နေတဲ့ကြားက ဘီးကုပ်စက်ဝိုင်းထိပ်ကနေ အပြင်းကန်သွင်းပြီး ရယူပေးခဲ့ပါတယ်။ ယနေ့ပွဲစဉ်မှာ အနိုင်ရရှိခဲ့တာကြောင့် တော့တင်ဟမ်ဟော့စပါးအသင်းဟာ ၂၃ မှတ်နဲ့ အဆင့် ၃ နေရာမှာ ခေတ္တရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။

Source & Photos: Dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD