AD
AD
AD
play

 

ယနေ့ည ၈ နာရီ ၄၅ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ပွဲစဉ်မှာ မန်ချက်စတာစီးတီးအသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

play

 

မန်ချက်စတာစီးတီးအသင်းဟာ တိုက်စစ်မှာ အဂူရို၊ စတားလင်းနဲ့ ဆာနေးတို့ကို အသုံးပြုပွဲထွက်လာခဲ့ပြီး အာဆင်နယ်အသင်းကတော့ တိုက်စစ်မှာ ဆန်းချက်ကို အထောင်ထားပြီး ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်း ၁၉ မိနစ်မှာ ဖာနန်ဒင်ဟိုရဲ့ဖန်တီးပေးပို့မှုကနေ ဒီဘရိုင်းက မန်ချက်စတာစီးတီးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

 

ဒုတိယပိုင်း ပြန်လည်စတင်ပြီး မိနစ် ၅၀ မှာ အာဆင်နယ်အသင်းရဲ့နောက်ခံကစားသမား မွန်ရီရယ်ဟာ စတားလင်းကို ပင်နယ်တီဧရိယာထဲမှာ ကစားပုံကြမ်းတမ်းခဲ့တာကြောင့် မန်ချက်စတာစီးတီးအသင်းက ပင်နယ်တီကန်ခွင့်ရရှိခဲ့ပြီး အဂူရိုက အမှားအယွင်းမရှိသွင်းယူပေးခဲ့နိုင်ပါတယ်။

play

 

၅၆ မိနစ်မှာ အာဆင်နယ်အသင်းက ကိုကွီလင်ရဲ့နေရာမှာ လာကာဇက်ကို ထည့်သွင်းကစားစေခဲ့ပြီး ၆၅ မိနစ်မှာ လာကာဇက်က အာဆင်နယ်အသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့နိုင်ပါတယ်။

play

 

၇၄ မိနစ်မှာ ဂက်ဘရီရယ်ဂျီးဆပ်က ဒေးဗစ်ဆေးလ်ဗားရဲ့ပေးပို့မှုကနေတစ်ဆင့် မန်ချက်စတာစီးတီးအသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး အာဆင်နယ်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ယနေ့ပွဲစဉ်မှာ အနိုင်ရရှိခဲ့တဲ့အတွက် မန်ချက်စတာစီးတီးအသင်းဟာ ဇယားထိပ်မှာ ၃၁ မှတ်နဲ့ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။

Photos: Dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD