play

 

တနင်္ဂနွေနေ့ည ၈ နာရီ ၄၅ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ပွဲစဉ်မှာ မန်ချက်စတာစီးတီးအသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိပြီး ဇယားထိပ်ဆုံးမှာ ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။

play

 

ယင်းပွဲစဉ်မှာ မန်ချက်စတာစီးတီးအသင်းက သွင်းယူခဲ့တဲ့ တတိယဂိုးဟာ လုံးဝ လူကျွံအနေအထားဖြစ်နေပြီး ပင်နယ်တီပြစ်ဒဏ်ဘောဟာလည်း လက်ခံနိုင်စရာမရှိဘူးလို့ အာဆင်နယ်အသင်းရဲ့နည်းပြ အာဆင်ဝင်းဂါးက ပွဲစဉ်အပြီးမှာ ပြောကြားခဲ့ပြီး မန်စီးတီးအသင်းရဲ့ တောင်ပံကစားသမား စတားလင်းကိုလည်း ဒိုင်ဗင်ထိုးကျွမ်းကျင်သူလို့ စွပ်စွဲသွားခဲ့ပါတယ်။

play

 

"ပင်နယ်တီပေးလိုက်ရတာ လုံးဝအဓိပ္ပာယ်မရှိပါဘူး။ စတားလင်းဟာ ဒိုင်ဗင်ထိုးလိုက်တယ်ဆိုတာ ကျွန်တော့်ရဲ့ အတွေ့အကြုံအရ ကောင်းကောင်းသိပါတယ်။ သူက ဟန်ဆောင်တဲ့နေရာမှာ တော်တော်ထူးချွှန်တဲ့သူပါ။ တတိယဂိုးကလည်း လူကျွံနေတာ အနှေးပြကွက်တွေမှာ ပြန်ကြည့်ရင် အသိသာကြီးပါ။ ခွင့်မပြုသင့်တဲ့ဂိုးတွေ ပေးခဲ့တာကို ကျွန်တော် တော်တော်လေး စိတ်ပျက်မိပါတယ်။

Postby

 

၂ ဂိုး ၁ ဂိုးဖြစ်နေတဲ့အချိန်မှာ ကျွန်တော်တို့အနေနဲ့ ချေပဂိုးရရှိဖို့အတွက် မျှော်လင့်ချက်အပြည့်နဲ့ ကစားနေဆဲပါ။ တတိယဂိုးပေးလိုက်ရတော့ မျှော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရသလိုပါပဲ။ ဒါတွေအားလုံးက တိုက်ဆိုင်မှုတော့ လုံးဝမဟုတ်ပါဘူး။ အိမ်ကွင်းအသင်းတွေဘက်ကို မျက်နှာသာပေးလေ့ရှိတဲ့ ဒိုင်အချို့ရဲ့ ဆုံးဖြတ်ချက်တွေဟာ လုံးဝ လက်မခံနိုင်စရာပါပဲ။ မနှစ်က ပေးခဲ့ရတဲ့ ဂိုးတွေဆိုရင်လည်း လူကျွံဘောတွေ ချည်းပဲ။ သူတို့ရဲ့ခြေစွမ်းက နဂိုကတည်းက ကောင်းနေတဲ့အပြင် ဒိုင်တွေကပါ မျက်နှာသာပေးတော့ ကျွန်တော်တို့အသင်း အနိုင်ရဖို့အတွက် ပိုခက်သွားတာပေါ့" လို့ ပြောကြားခဲ့ပါတယ်။

 

Source & Photos: The Guardian

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video