play

 

တနင်္ဂနွေနေ့ည ၁၁ နာရီမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချယ်ဆီးအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်မှာ ချယ်ဆီးအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

play

 

ယင်းပွဲစဉ်အပြီးမှာ ချယ်ဆီးအသင်းရဲ့နည်းပြကွန်တီဟာ မော်ရင်ဟိုကို လက်ဆွဲနှုတ်ဆက်ရမယ့်အစား ပရိသတ်တွေနဲ့သွားပြီး အောင်ပွဲခံနေခဲ့တာကို တွေ့ရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုကတော့ ကွန်တီရဲ့လက်ထောက်နည်းပြနဲ့သာ လက်ဆွဲနှုတ်ဆက်ခဲ့ပြီး ကွန်တီ အောင်ပွဲခံနေတာကိုကြည့်ပြီး ဥမင်လျှောက်လမ်းထဲကို ဝင်သွားခဲ့ပါတယ်။

play

 

ယင်းဖြစ်ရပ်နဲ့ပတ်သက်ပြီး ချယ်ဆီးအသင်းရဲ့နည်းပြ ကွန်တီက ပွဲအပြီးမှာ လက်ဆွဲနှုတ်ဆက်ဖို့ထက် အနိုင်ရရှိဖို့က ပိုအရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။

Postby

 

"လက်ဆွဲနှုတ်ဆက်တာက အရေးမကြီးပါဘူး။ နိုင်ပွဲရဖို့ကသာ အရေးကြီးတာပါ။ လက်ဆွဲနှုတ်ဆက်တာဟာ အရေးကြီးချင်လည်း ကြီးလိမ့်မယ်။ အဲဒါထက်ပိုအရေးကြီးတာကတော့ ပွဲစဉ်ထဲမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာပဲ"လို့ ချယ်ဆီးအသင်းရဲ့နည်းပြ ကွန်တီက ပြောကြားခဲ့ပါတယ်။

play

 

ယင်းဖြစ်ရပ်နဲ့ပတ်သက်ပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြမော်ရင်ဟိုကလည်း "ပွဲပြီး ခရာမှုတ်တာနဲ့ ကွန်တီ ပျောက်သွားတာပဲ။ အဲဒါကြောင့် ကျွန်တော် သူ့ရဲ့လက်ထောက်နည်းပြနဲ့ လက်ဆွဲနှုတ်ဆက်ခဲ့တာပါ။ သိပ်တော့လည်း မကွာပါဘူး"လို့ ပြောကြားခဲ့ပါတယ်။

play

 

ချယ်ဆီးအသင်းဟာ ဒုတိယပိုင်းပြန်လည်စတင်ပြီး ၅၅ မိနစ်မှာ မိုရာတာရဲ့ခေါင်းတိုက်သွင်းဂိုးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ယင်းပွဲစဉ်မှာ အနိုင်ရရှိခဲ့တာကြောင့် ချယ်ဆီးအသင်းဟာ ရမှတ် ၂၂ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

Source & Photos: Dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video