ချဲလ်ဆီးအသင်း မန်နေဂျာ ကွန်တီက အသင်းရဲ့ ဘရာဇီးလ်နောက်ခံလူ ဒေးဗစ်လုဇ်အနေနဲ့ ချဲလ်ဆီးအသင်းမှာ အနာဂတ် မသေချာဘူးလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

play

 

အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ အဆိုပါ နောက်ခံလူအနေနဲ့ မန်ယူအသင်းကို အနိုင်ရခဲ့တဲ့ ပွဲမှာ အရံကစားသမားအဖြစ်သာ ပါဝင်ခဲ့ရသူလည်း ဖြစ်ပါတယ်။

play

 

"သူဘယ်မှာ ရှိချင်လဲဆိုတာ သူ့ရဲ့ အလုပ်ကြိုးစားမှုနဲ့ပဲ ဆိုင်ပါတယ်။ဒါကြောင့် သူ့ရဲ့ အနာဂတ်ကို ကျွန်တော် မပြောနိုင်ပါဘူး။ဒါပေမယ့် မန်ယူနဲ့ပွဲမှာ ပွဲထွက်လာခဲ့တဲ့  အန်ဒရီ ခရစ္စတန်ဆန် ကတော့ အသင်းရဲ့ အနာဂတ်ပါ။" လို့ ကွန်တီကထုတ်ဖော်ပြောခဲ့ပါတယ်။

 

ဒေးဗစ်လုဇ်အနေနဲ့ ချဲလ်ဆီးအသင်းအတွက် မိနစ် ၉၀ ပြည့် ပရီးမီးယားလိဂ်ပွဲ ၃ပွဲနဲ့ ရိုးမားကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲတို့မှာ ပွဲထွက်ကစားခွင့်ရခဲ့ပေမယ့်လည်း မနေ့က မန်ယူအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာတော့ အရံကစားသမားအဖြစ်သာ ရှိနေခဲ့ရတာလည်း ဖြစ်ပါတယ်။

လုဇ်မှာ ချဲလ်ဆီးအသင်းကို ယခုတစ်ကြိမ် ရောက်ရှိနေမှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး ပြင်သစ်ကလပ် ပီအက်ဂျီအသင်းကနေ ၂၀၁၆ သြဂုတ်လက ပေါင် ၃၄ သန်းနဲ့ ပြန်လည်ရောက်ရှိခဲ့တာဖြစ်ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video