AD
AD
AD

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ တိုက်စစ်မှူး တောင်ကိုရီးယားနိုင်ငံသား ဆွန်ဟောင်မင်အနေနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှာ ဂိုးသွင်းအများဆုံး အာရှသားအဖြစ်ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။

play

 

အသက် ၂၅ နှစ်အရွယ်သာရှိသေးတဲ့ အဆိုပါ တောင်ကိုရီးယားလက်ရွေးစင်အနေနဲ့ မန်ယူအသင်းမှ စီနီယာ ကစားသမား ပက်ဂျီဆန်ရဲ့ ဂိုးသွင်းစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

 

ဆွန်ဟောင်မင်အနေနဲ့ စပါးအသင်းကို ၂၀၁၅ခုနှစ်က ဘွန်ဒက်လီဂါ ကလပ် လေဗာကူဆင်ကနေ ပြောင်းရွှေ့လာပြီးနောက် ပထမဆုံးရာသီမှာ ၄ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ယမန်နှစ်ဘောလုံးရာသီမှာ ခြေစွမ်းပြပြီး ပရီးမီးယားလိဂ် သွင်းဂိုး ၁၄ ဂိုးအထိ သွင်းယူနိုင်ခဲ့သလို ယခုနှစ်ရာသီမှာလည်း ပရီးမီးယားလိဂ် ၁၁ ပွဲကစားပြီးနောက် ၂ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် စုစုပေါင်း ပရီးမီးယားလိဂ် သွင်းဂိုး ၂၀ ပြည့်မြောက်ခဲ့တာလည်း ဖြစ်ပါတယ်။

၎င်းရဲ့ နောက်မှာတော့ အနားယူသွားခဲ့ပြီဖြစ်တဲ့ မန်ယူကစားသမားဟောင်း ပက်ဂျီဆန်က သွင်းဂိုး (၁၉)ဂိုးနဲ့ ဒုတိယနေရာမှာလည်းကောင်း၊ဆွမ်ဆီးအသင်းမှ ကီဆောင်ယောင်းက သွင်းဂိုး ၁၃ ဂိုးနဲ့ တတိယနေရာမှာလည်းကောင်း၊လက်စတာအသင်းမှ ဂျပန်တိုက်စစ်မှူး အိုကာဇာကီက ၁၂ ဂိုးနဲ့ စတုတ္ထနေရာမှာလည်းကောင်း အသီးသီးရပ်တည်နေပါတယ်။

Postby

Source- Football Tribe Asia

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD