play

 

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့နည်းပြ ပေါ့ချက်တီနိုဟာ တိုက်စစ်မှူး ဟယ်ရီကိန်းကို လာမယ့်နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ယှဉ်ပြိုင်ကစားရမယ့် နိုင်ငံတကာ ခြေစမ်းပွဲတွေမှာ အသုံးမပြုဘဲ အနားယူစေချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

play

 

နောက်ဆုံးငါးပွဲမှာ တစ်ဂိုးသာသွင်းနိုင်ခဲ့ပြီး တနင်္ဂနွေနေ့က ဝင်ဘလေမှာ ပဲလေ့စ်ကိုအနိုင်ရခဲ့တဲ့ပွဲမှာ ဒဏ်ရာပြဿနာအနည်းငယ် ရှိနေခဲ့တာကြောင့် ၇၇ မိနစ်မှာ လူစားလဲလှယ်ခဲ့ရပါတယ်။ ဒါကြောင့် လာမယ့်နိုင်ငံတကာပွဲစဉ်တွေမှာ ဟယ်ရီကိန်းရဲ့အခြေအနေကို ထည့်တွက်ပြီး အနားယူစေလိုကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

play

 

"ဒါဟာကလပ်အသင်းအတွက်ရော၊ လက်ရွေးစင်အသင်းအတွက်ပါ ခက်ခဲတဲ့အခြေအနေတစ်ခုပါ။ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ပြဿနာတွေ အပေါ်မှာပဲ အာရုံစိုက်နေပြီး လက်ရွေးစင်အသင်းအတွက် ဘာကိုလိုအပ်သလဲဆိုတာကို လစ်လျူရှုထားတာမဟုတ်ပါဘူး။ ကစားသမားအတွက်ဆိုရင်တော့ အရေးကြီးဆုံးပါပဲ"

"လက်ရွေးစင်အသင်းအနေနဲ့ ကျွန်တော့်ကစားသမားတွေရဲ့အခြေအနေကို နားလည်မယ်လို့ မျှော်လင့်ပါတယ်။ လာမယ့်ပွဲစဉ်တွေမှာ ကြံ့ခိုင်မှု အပြည့်နဲ့ ဂိုးတွေပြန်လည်သွင်းယူနိုင်အောင် သူတို့ကူညီပေးမယ်လို့် မျှော်လင့်ထားပါတယ်။ အဲဒီလိုမှမဟုတ်ရင် ကျွန်တော်တို့အသင်းအတွက် တကယ့်ကို ခက်ခဲတဲ့ ခရစ်စမတ်ပွဲကျပ်ကာလတွေမှာ ဒုက္ခရောက်နိုင်ပါတယ်"

"ဒါဟာပြိုင်ပွဲတစ်ခုဖြစ်လို့ ကျွန်တော့်အနေနဲ့ အများကြီး မတောင်းဆိုချင်ပါဘူး။ ကျွန်တော်တို့အနေနဲ့ နိုင်ငံအသင်းနဲ့ ကောင်းမွန်တဲ့ဆက်ဆံမှုကို တည်ဆောက်ထားပြီး အခြေအနေတွေကိုရှင်းပြပြီး အကောင်းဆုံးကစားသမားတွေအတွက် ဘယ်လို စီမံခန့်ခွဲသင့်တယ်ဆိုတာကို တိုင်ပင်သွားမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: Telegraph

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video