မန်စီးတီးကို အမီလိုက်ဖို့ ကြိုးစားနေချိန်မှာပဲ မန်ယူက လက်ရှိချန်ပီယံချယ်လ်ဆီးကို ရှုံးပွဲတွေ့သွားလို့ ပိုပြီးတော့ အမှတ်ကွာဟသွားခဲ့ပါပြီ။ မိုရာတာရဲ့ တစ်လုံးတည်းသော ခေါင်းတိုက်ဂိုးနဲ့ ချယ်လ်ဆီးအသင်းဟာ မန်ယူထံက အနိုင်သုံးမှတ်ရယူခဲ့တာပါ။

မော်ရင်ဟိုလက်ထက်မန်ယူအသင်းဟာ ထိပ်သီးအသင်းတွေနဲ့ အဝေးကွင်းသွားကစားတဲ့အခါ နိုင်ပွဲရဖို့ ခက်ခဲတဲ့ အစဉ်အလာကိုလည်း မချေဖျက်နိုင်သေးတာတွေ့ရပါတယ်။ ဒီပွဲအပြီး သိလာရတဲ့ လေ့လာစရာ အချက် (၅) ချက်ရှိပါတယ်။

၁။ ကန်တေ ပြန်လာခြင်း

play

 

ဒဏ်ရာက ပြန်သက်သာလာတဲ့ ကန်တေ ပြန်လည်ပါဝင်နိုင်တဲ့ပွဲမှာပဲ ချယ်လ်ဆီးဟာ မျက်နှာပန်းလှခဲ့ပါတယ်။ ချယ်လ်ဆီးကိုရှုံးခဲ့တဲ့ ပွဲစဉ်မှာလည်း မန်ယူအတွက် တကယ်ကို အခက်တွေ့စေခဲ့တာ ကန်တေဖြစ်ပါတယ်။ ကန်တေဟာ ကွင်းလယ်တစ်ခုလုံးကို စိုးမိုးထားခဲ့ပါတယ်။ ပေါ့ဂ်ဘာ မရှိတဲ့ ယူနိုက်တက် ကွင်းလယ်ဟာ ကန်တေကြောင့် ပိုပြီး အခက်တွေ့ခဲ့ရတာပါ။ မန်ယူဂိုးဧရိယာထဲမှာ မိုရာတာ အပိုင်အခွင့်အရေးတွေ ရရှိခဲ့ပြီး ဒီအခွင့်အရေးတွေဟာ ကန်တေရဲ့ ဖန်တီးပေးမှု အများအပြား ပါဝင်ခဲ့ပါတယ်။

၂။ မန်ယူအတွက် စတမ်းဖို့ဒ်ဘရစ်ခ်ျ အိပ်မက်ဆိုး

play

 

မန်ယူအသင်းဟာ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာဆိုရင် ချယ်လ်ဆီးအသင်းကို  အနိုင်ရတာ အတော်ရှားရှားပါးပါး ဖြစ်နေပါပြီ။ အချက်အလက်တွေအရ ချယ်လ်ဆီးအသင်းဟာ မန်ယူအသင်းနဲ့ ပရီးမီးယားလိဂ်အိမ်ကွင်း ၁၅ ပွဲ ကစားခဲ့ရာမှာ တစ်ပွဲသာရှုံးပြီး ကိုးပွဲနိုင်ခဲ့ပါတယ်။ ငါးပွဲကတော့ သရေပါ။ မန်ယူဟာ စတမ်းဖို့ဒ်ဘရစ်ခ်ျ ကျိန်စာကို အခုထိ မချေဖျက်နိုင်သေး ဖြစ်နေပါတယ်။

 

၃။ ပေါ့ဂ်ဘာရဲ့ အရေးပါမှု

play

 

ပေါ့ဂ်ဘာကို ဆုံးရှုံးထားရတာ မန်ယူအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်နေတယ်ဆိုတာ ဒီပွဲက သက်သေပြသွားပါတယ်။ ဗဟိုကွင်းလယ်မှာ မာတစ်နဲ့ ဟာရဲယားဟာ ချယ်လ်ဆီးကို ခုခံဖို့ အခက်တွေ့ခဲ့တာ သက်သေဖြစ်ပါတယ်။ ပေါ့ဂ်ဘာမပါနိုင်လို့ မန်ယူအသင်းကစားကွက် ဒီလောက်ပြောင်းလဲအားနည်းသွားတာဟာ အသင်းအတွက် ကောင်းတဲ့လက္ခဏာတော့ မဟုတ်လှပါဘူး။ လူကာကူနဲ့ ရက်ရှ်ဖို့ဒ်ဟာလည်း ကွင်းလယ်နဲ့ ချိတ်ဆက်ရာမှာ အဆင်မပြေခဲ့ပါဘူး။ ကွင်းလယ်မှာ ပေါ့ဂ်ဘာတစ်ဦးတည်း အားကိုးနေတဲ့ အခြေအနေဟာ မော်ရင်ဟိုနဲ့ မန်ယူအတွက် သိပ်မကောင်းလှပါဘူး။

၎။ ဒေးဗစ်လုဇ်နဲ့ ခရစ္စတန်ဆန်

play
အရန်စာရင်းမှာတောင် ပါခွင့်မရခဲ့တဲ့ ဒေးဗစ်လုဇ်

 

ဒေးဗစ်လုဇ်ရဲ့ အနာဂတ်ဟာ မေးခွန်းထုတ်စရာ ဖြစ်လာပါပြီ။ နည်းပြကွန်တီနဲ့ လုံးဝမပြေလည်တော့ဘူးလို့ ဆိုနိုင်ပါတယ်။ ဒဏ်ရာမရှိ၊ ပွဲပယ်မရှိပါဘဲနဲ့ ဒေးဗစ်လုဇ်ဟာ မန်ယူနဲ့ပွဲမှာ အသင်းအရန်စာရင်းမှာတောင် မပါခဲ့ရပါဘူး။ ဒီအစား ခရစ္စတန်ဆန်ကိုသာ နည်းပြကွန်တီရွေးချယ်ခဲ့ပါတယ်။ ခရစ္စတန်ဆန်ဟာ အသင်းရဲ့ အနာဂတ်ပါလို့လည်း ပွဲအပြီးမှာ ပြောခဲ့ပါသေးတယ်။

၅။ မိုရာတာနဲ့ အက်ဇပီလီကွယ်တာ

play

 

မိုရာတာဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၇ ဂိုးရှိသွားပြီဖြစ်ပါတယ်။ အဲဒီထဲမှာ ငါးဂိုးဟာ နောက်ခံလူ အက်ဇပီလီကွယ်တာ ဖန်တီးပေးထားတာပါ။ ထူးတော့ထူးဆန်းပါတယ်။ တိုက်စစ်မှူးကို ဂိုးဖန်တီးပေးမှု အများဆုံး လုပ်နိုင်တာဟာ တိုက်စစ်ကစားဖော်သို့မဟုတ် ကွင်းလယ်ကစားသမားပါ။ အခုတော့ အက်ဇပလီကွယ်တာက အသင်းမှာ မိုရာတာအတွက် အကောင်းဆုံး ဂိုးဖန်တီးပေးနိုင်သူ ဖြစ်နေပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video