AD
AD
AD
play

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ချယ်ဆီးအသင်းနဲ့ပွဲစဉ်မှာ ယခုရာသီအတွက် ဒုတိယမြောက် ရှုံးပွဲကို တွေ့ခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းဟာ ဇယားထိပ်ဆုံးမှာရှိနေတဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ ၈ မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်ပါတယ်။

play

 

ယင်းကိစ္စနဲ့ပတ်သက်ပြီး မော်ရင်ဟိုက ချန်ပီယံမျှော်လင့်ချက်အတွက် စိုးရိမ်မိတယ်လို့ ဝန်ခံပြောကြားသွားခဲ့ပါတယ်။

"အခု မန်ချက်စတာစီးတီးအသင်းနဲ့ ၈ မှတ်အထိ ပြတ်သွားပြီ။ ဒီအတွက် ကျွန်တော် စိတ်ပူမိပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့က အဆင့် ၂ မှာပါ။ ကျန်တဲ့ ၁၈ သင်းဆိုရင် ဘယ်လောက်တောင် စိတ်ပူစရာကောင်းလိုက်မလဲ”

play

 

"ပရီးမီးယားလိဂ်မှာ ၈ မှတ်ကွာနေတယ်ဆိုတာက ပေါ်တူဂီ၊ လာလီဂါ၊ ဘွန်ဒစ်လီဂါတို့မှာ ၈ မှတ်ကွာနေတာနဲ့ မတူပါဘူး။ ဒီမှာ ၈ မှတ် ကွာနေတယ်ဆိုပေမယ့် ကစားဖို့ ပွဲတွေအများကြီး ကျန်နေပါသေးတယ်။ ခု ပွဲစဉ် ၁၁ ပွဲပဲ ကစားရသေးတာပါ။ နိုဝင်ဘာနောက်ပိုင်း ၊ ဒီဇင်ဘာနဲ့ ဇန်န၀ါရီအစပိုင်းတွေမှာ ပွဲတွေ အများကြီးဆက်ပြီး ကစားကြရမှာပါ ။ အဲဒီအချိန်ကျရင် ပေါ့ဂ်ဘာ၊ ရိုဟို၊ ဇလာတန်တို့ အစုံအလင်နဲ့ နိုင်ပွဲတွေရအောင် ကစားနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ရနိုင်သမျှ အမှတ်တွေ စုဆောင်းသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD