AD
AD
AD
play

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကစားသမား ဖယ်လိုင်နီကို တူရကီကလပ်အသင်းဖြစ်တဲ့ ဘီဆစ်ခ်တက်အသင်းက ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတယ်လို့ ဘီဆစ်ခ်တက်အသင်းရဲ့ဘုတ်အဖွဲ့ဝင်တစ်ဦးရဲ့ပြောကြားချက်အရ သိရပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံလက်ရွေးစင် ကွင်းလယ်ကစားသမားဖြစ်တဲ့ ဖယ်လိုင်နီဟာ လာမယ့်နွေရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ယခုနှစ်နွေရာသီအစောပိုင်းက ဂလာတာစာရေးအသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖယ်လိုင်နီကို ဘီဆစ်ခ်တက်အသင်းဟာ ယခုလာမယ့်နွေရာသီမှာ ခေါ်ယူဖို့ မဖြစ်မနေ ကြိုးပမ်းသွားမယ်လို့ ဘီဆစ်ခ်တက်အသင်းရဲ့ဘုတ်အဖွဲ့ဝင် အယ်ဘေရက်ခ်က ပြောကြားခဲ့ပါတယ်။

play

 

"ဖယ်လိုင်နီက ကျွန်တော်တို့ ခေါ်ယူမယ့်ကစားသမားစာရင်းထဲမှာ ပါဝင်ပါတယ်။ သူ့ကို စာချုပ်ချုပ်ဆိုနိုင်ဖို့ ကြိုးစားအားထုတ်သွားမှာပါ"လို့ တူရကီမီဒီယာတစ်ခုကို ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ ကင်းထောက်ပြီး စောင့်ကြည့်နေတဲ့ ကစားသမားက သူတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကင်းထောက်အဖွဲ့က ဒီအပတ်မှာ ပွဲပေါင်း ၂၀ ကို တိုက်ရိုက်စောင့်ကြည့်ခဲ့ပါတယ်"

"ခေါ်ယူဖို့အစီအစဉ်ကို ဘယ်တော့မှ လက်မလျှော့ပါဘူး။ ကျွန်တော်တို့ အမြဲကြိုးစားနေမှာပါ။ အခြားကစားသမားတွေကိုလည်း ခေါ်ယူဖို့ရှိပါတယ်"

"ကျွန်တော်တို့အသင်းအနေနဲ့ တူရကီနဲ့ ဥရောပက ကစားသမားတွေကို ခေါ်ယူဖို့ စီစဉ်ထားပါတယ်။ အပြောင်းအရွှေ့သဘောတူညီမှုသာရခဲ့မယ်ဆိုရင် လာမယ့် ဆောင်းရာသီ ဒါမှမဟုတ် ရာသီကုန် နွေရာသီအပြောင်းအရွှေ့ကာလမှာ စာချုပ် ချုပ်ဆိုသွားမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD