AD
AD
AD
play

 

ဝက်စ်ဟမ်းအသင်းဟာ ပြီးခဲ့တဲ့ စနေနေ့ညက လီဗာပူးအသင်းနဲ့ပွဲစဉ်မှာ ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် တနင်္လာနေ့နံနက်မှာ နည်းပြ စလာဗင်ဘီလစ်ကို အစည်းအဝေးခေါ်ယူခဲ့ပြီး နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။ ဘီလစ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြဟောင်း ဒေးဗစ်မိုရက်စ်ကို ကမ်းလှမ်းထားပြီး ယနေ့ တွေ့ဆုံဆွေးနွေးဖို့အတွက် ဒေးဗစ်မိုရက်စ်ဟာ ကာတာကနေ လန်ဒန်ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

play

 

အသက် ၅၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေးဗစ်မိုရက်စ်ကို ၂ နှစ်ခွဲစာချုပ် ချုပ်ဆိုသွားမှာဖြစ်ပြီး ယခုရာသီကုန်ချိန်မှာ ကြီးမားတဲ့အကျိုးသက်ရောက်မှု မပြုလုပ်နိုင်ခဲ့ဘူးဆိုရင် ရာထူးကနေ ထုတ်ပယ်နိုင်တယ်ဆိုတဲ့အချက်ကို ထည့်သွင်းချုပ်ဆိုမှာဖြစ်ပါတယ်။

play

 

ဒေးဗစ်မိုရက်စ်အနေနဲ့ ကြီးမားတဲ့ တာဝန်ယူမှုတစ်ခုကို ပြုလုပ်ခဲ့ရတာဖြစ်ပြီး ရာသီကုန်ဆုံးချိန်မှာ ပရီးမီးယားလိဂ်မှာ တင်ကျန်ခဲ့မယ်ဆိုရင် ဆုကြေးငွေအဖြစ်နဲ့ ယူရို ၂ သန်းကို ရရှိမယ်လို့ သိရပါတယ်။ ဒေးဗစ်မိုရက်စ်ဟာ ၂၀၁၆ ဘောလုံးရာသီမှာ ဆန်းဒါးလန်းအသင်းကို ကိုင်တွယ်ခဲ့ပြီး ရာသီကုန်ချိန်မှာ တန်းဆင်းသွားခဲ့ရပါတယ်။

"ဒါ ကျွန်တော်ကိုင်တွယ်ခဲ့တဲ့သက်တမ်းတစ်လျှောက်မှာ ပထမဆုံး တန်းဆင်းရတာပါပဲ။ အဲဒါကလည်း နောက်ဆုံးအကြိမ်ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော့်အနေနဲ့ အနိုင်ရတဲ့ခံစားချက်ကို နောက်တစ်ကြိမ် ပြန်ခံစားချင်ပါသေးတယ်"လို့ မကြာသေးခင်က အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

Source & Photos: Dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD