နိုဝင်ဘာလ ၁၈ ရက်နေ့မှာ နယူးကာဆယ်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အမီ အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာအနေနဲ့ ပြန်လည်ကစားနိုင်မယ်လို့ မန်ယူအသင်းက ယုံကြည်နေပါတယ်။

play

 

အဆိုပါ ပြင်သစ်ကွင်းလယ်ကစားသမားမှာ ဒဏ်ရာကြောင့် မန်ယူအသင်းရဲ့ ပွဲစဉ် ၁၂ ပွဲခန့်ကို လွဲချာ်ခဲ့ရသူလည်း ဖြစ်ပါတယ်။

play

 

မန်ယူအသင်းအနေနဲ့ မူလက ချဲလ်ဆီးအသင်းနဲ့ပွဲအမီ ပြန်လည်ကောင်းမွန်လာမယ်လို့ မျှော်လင့်ထားခဲ့သော်လည်း ပေါ့ဘာအနေနဲ့ ကြံ့ခိုင်မှု မပြည့်ဝတာကြောင့် ပါဝင်နိုင်ခဲ့ခြင်း မရှိခဲ့တာ ဖြစ်တယ်လို့လည်းသိရပါတယ်။

 

လက်ရှိမှာတော့ ပေါ့ဘာအနေနဲ့ ကြံ့ခိုင်မှုပိုင်း ပြန်လည်ကောင်းမွန်လာနေပြီဖြစ်ပြီး လာမယ့် နယူးကာဆယ်နဲ့ပွဲမှာ အရံကစားသမားအဖြစ် ပါဝင်လာဖွယ်ရှိနေတယ်လို့လည်းသတင်းတွေ ထွက်ပေါ်နေပါတယ်။

ပေါ့ဘာမပါဝင်နိုင်ချိန်မှာ အခြားကစားသမားများဖြစ်ကြတဲ့ ကာရစ်နဲ့ ဖယ်လိုင်နီတို့မှာလည်း ဒဏ်ရာအသီးသီးရရှိနေတာကြောင့် မန်ယူအသင်းကွင်းလယ်ပိုင်းအားနည်းမှုတွေ ဖြစ်ပေါ်နေခဲ့ရချိန်မှာ ပေါ့ဘာအခုလို ပြန်လည်ကောင်းမွန်လာတဲ့သတင်းမှာ နည်းပြမော်ရင်ဟိုအတွက်တော့ အသက်ရှုချောင်စရာ ဖြစ်စေခဲ့ပါတယ်။

Postby

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video