ပရီးမီးယားလိဂ်မှာ ဂိုးသွင်းအများဆုံး အာရှကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့တဲ့ တောင်ကိုရီးယား လက်ရွေးစင် ဆွန်ဟောင်မင်က ၎င်းအနေနဲ့ မန်ယူကစားသမားဟောင်း ပတ်ဂျီဆန်နဲ့တော့ နှိုင်းယှဉ်လို့ မရသေးဘူးလို့ ၀န်ခံပြောကြားခဲ့ပါတယ်။

play

အသက် ၂၅ နှစ်အရွယ်သာ ရှိသေးတဲ့ အဆိုပါ စပါးကစားသမားမှာ ပြီးခဲ့တဲ့ ပဲလေ့စ်အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ စပါးအသင်းအတွက် ၂၀ မြောက်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ဂိုးသွင်းအများဆုံး အာရှကစားသမား ဖြစ်လာခဲ့တာလည်း ဖြစ်ပါတယ်။

play

"ကျွန်တော်စံချိန်တစ်ခုကို ချိုးဖျက်နိုင်ခဲ့ပေမယ့်လည်း ပတ်နဲ့တော့ နှိုင်းယှဉ်လို့ မရသေးပါဘူး။ကျွန်တော်ဂိုးသွင်းနိုင်ပေမယ့်လည်း ကစားသမားကောင်းတစ်ယောက်ဖြစ်ဖို့ ဒီ့ထက်ပို ကြိုးစားဖို့ လိုပါသေးတယ်။ဒါကြောင့် ကျွန်တော့်မှာ အခွင့်အရေးတွေ ရှာဖွေဖို့ လိုပါသေးတယ်။" လို့ ဆွန်ဟောင်မင်က ထုတ်ဖော်ပြောခဲ့ပါတယ်။

 

ဆွန်ဟောင်မင်အနေနဲ့ ၂၀၁၅ ခုနှစ်မှာ လေဗာကူဆင်အသင်းမှ စပါးအသင်းကို ပြောင်းရွှေ့ရောက်ရှိလာသူဖြစ်ပြီး ရာသီအစမှ စပါးအသင်းအတွက် ပရီးမီးယားလိဂ် သွင်းဂိုး ၄ ဂိုးသွင်းယူနိုင်ခဲ့ပြီး ၂၀၁၆-၁၇ ဘောလုံးရာသီမှာတော့ တစ်ရာသီလုံးသွင်းဂိုး ၁၄ ဂိုးအထိ ရယူပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ယခုနှစ်ရာသီမှာတော့ လိဂ်ပွဲ ၁၁ ပွဲကစားအပြီး သွင်းဂိုး ၂ ဂိုးသွင်းယူထားနိုင်ပြီဖြစ်တာကြောင့် ယခင်မန်ယူကစားသမားဟောင်း ပတ်ဂျီဆန်တင်ရှိထားတဲ့ ၁၉ ဂိုးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Postby

Source-Football Tribe Asia

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video