AD
AD
AD

မန်ချက်စတာ ယူနိုက်တက်အသင်းပိုင်ရှင်ဖြစ်တဲ့ ဂလေဇာ မိသားစုအနေနဲ့ လာမယ့် နွေရာသီမှာ အသင်းကနေ နည်းပြ မော်ရင်ဟိုထွက်ခွာတော့မယ်လို့ ခံစားနေရကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။

play

 

မော်ရင်ဟိုအနေနဲ့ မန်ယူအသင်းကို ၃ နှစ်စာချုပ်နဲ့ ရောက်ရှိခဲ့သူဖြစ်ပေမယ့်လည်း လာမယ့် နွေရာသီမှာအသင်းပြောင်းတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။

play

 

မန်ယူအသင်းအနေနဲ့ ယခုနှစ်ရာသီအစမှာ ရလဒ်ကောင်းများပိုင်ဆိုင်ထားနိုင်ခဲ့ပြီး မြို့ခံပြိုင်ဘက်မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားဆုဖလား ရရှိရေးအတွက်ပြိုင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။

 

သို့သော်လည်း လာမယ့်နွေရာသီမှာ မော်ရင်ဟိုအနေနဲ့ ပြင်သစ်ကလပ် ပီအက်ဂျီအသင်းကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပြီး မော်ရင်ဟိုအနေနဲ့လည်း ပြောင်းရွှေ့လိမ့်မယ်လို့ သတင်းတွေက ဖော်ပြနေတာလည်းဖြစ်ပါတယ်။

ပီအက်ဂျီအသင်းအနေနဲ့ ယခုနှစ် လီဂူးအမှတ်ပေးဖလားကို ရရှိဖို့ ရေပန်စားနေတာဖြစ်ပြီး နေမာ၊မက်ပီတို့နဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း အကောင်းဆုံး စွမ်းဆောင်ထားနိုင်တာလည်း ဖြစ်ပါတယ်။

ထို့ကြောင့် မော်ရင်ဟိုအနေနဲ့ ပီအက်ဂျီအသင်းကို ပြောင်းရွှေ့ခဲ့ပြီး ဥရောပချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ပါက မတူညီတဲ့ ကလပ်အသင်း ၃ သင်းနဲ့အတူ ချန်ပီယံလိဂ်ဆုဖလားကိုင်မြောက်နိုင်တဲ့ ပထမဆုံးနည်းပြဖြစ်လာမှာလည်း ဖြစ်ပါတယ်။

Postby

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD