မန်ယူအသင်းက ခေါ်ယူချင်နေတဲ့ ကွင်းလယ်ကစားသမား မီဆွတ်အိုလ်ဇေးအတွက် အာဆင်နယ်အသင်းက ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ သတ်မှတ်လိုက်ပါတယ်။

play

 

အဆိုပါ ဂျာမနီလက်ရွေးစင်အနေနဲ့ အာဆင်နယ်အသင်းနဲ့ ယခုနှစ်ရသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး ယခုနှစ် ဇန်န၀ါရီအပြောင်းအရွှေ့ကာလမှာ မန်ယူအသင်းက ခေါ်ယူချင်နေတာလည်း ဖြစ်ပါတယ်။

play

 

အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ အဆိုပါ ကစားသမားအနေနဲ့ မန်ယူအသင်းနည်းပြ မော်ရင်ဟိုနဲ့အတူ ရီးရဲအသင်းမှာ လက်တွဲခဲ့ဖူးတာကြောင့်လည်း ဆရာဟောင်းရှိတဲ့ မန်ယူအသင်းကို ပြောင်းရွှေ့ချင်နေတာဖြစ်သလို မော်ရင်ဟိုကလည်း တပည့်ဟောင်းကို ပြန်လည်ခေါ်ယူလက်တွဲချင်လိုနေတာလည်း ဖြစ်ပါတယ်။

 

မန်ယူအသင်းအနေနဲ့ လက်ရှိမှာ တရားဝင်ကမ်းလှမ်းမှု ပြုလုပ်ရခြင်း မရှိသေးပဲ အိုလ်ဇေးအနေနဲ့ မန်ယူအသင်းကို ရောက်ရှိခဲ့ပါက မန်ယူအသင်းနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲကို ကစားခွင့်ရမှာလည်း ဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ၂၀၁၂ ခုနှစ်တုန်းကလည်း အသင်းရဲ့ အဓိက တိုက်စစ်မှူး ရော်ဘင်ဗန်ပါစီကို ပေါင် ၂၂.၅ သန်းနဲ့ မန်ယူအသင်းကို ရောင်းချခဲ့ဖူးပါတယ်။

Postby

Source-Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video