play

 

ချယ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျဟာ ပြီးခဲ့တဲ့အပတ်က တရုတ်လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး တရုတ်လုပ်ငန်းရှင်တွေအနေနဲ့ ချယ်ဆီးအသင်းရဲ့ကွင်းသစ် အဆင့်မြှင့်တင်ရေးလုပ်ငန်းတွေမှာ ယူရိုသန်း ၅၀၀ အထိ ရင်းနှီးမြှုပ်နှံဖို့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။

Postby

 

ရုရှားဘီလီယံနာ အေဘရာမိုဗစ်ခ်ျဟာ တရုတ်လုပ်ငန်းရှင်တွေကို ချယ်ဆီးအသင်းရဲ့ဘယ်အစိတ်အပိုင်းကိုမှ ရောင်းချမှာမဟုတ်ဘဲ ကွင်းသစ်တည်ဆောက်ရေးလုပ်ငန်းတွေအတွက် ရန်ပုံငွေကို အထောက်အကူဖြစ်ဖို့ အခြားနည်းလမ်းတွေကို ရှာဖွေသွားမယ်လို့ သိရပါတယ်။

play

 

ချယ်ဆီးအသင်းရဲ့ ကွင်းသစ်စီမံကိန်းကို ပြီးခဲ့တဲ့မတ်လက လန်ဒန်မြို့တော်ဝန် ဆာဒစ်ခမ်းက မီးစိမ်းပြခဲ့ပြီး ယင်းကွင်းသစ်ကို စတန်းဖို့ဒ်ဘရစ်ခ်ျနေရာမှာပဲ တည်ဆောက်နေတာဖြစ်ပြီး လူပေါင်း ခြောက်သောင်းအထိ ဝင်ဆံ့မယ်လို့ သိရပါတယ်။ ယင်းကွင်းသစ် တည်ဆောက်ရေးလုပ်ငန်းဟာ ၂၀၂၁-၂၀၂၂ ရာသီမှာ ပြီးဆုံးမှာဖြစ်ပြီး ချယ်ဆီးအသင်းအနေနဲ့ ကွင်းသစ်တည်ဆောက်ဖို့အတွက် တော့တင်ဟမ်ဟော့စပါးအသင်းလိုမျိုး အခြားကွင်းတစ်ကွင်းကို ပြောင်းရွှေ့အသုံးပြုရမှာဖြစ်ပါတယ်။

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video