AD
AD
AD

ပြင်သစ်ကလပ် လိုင်ယွန်အသင်းရဲ့ တိုက်စစ်မှူး နဘီ ဖီကီရာက ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

play

 

လက်ရှိမှာလည်း ၎င်းကို ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းက ခေါ်ယူနိုင်ဖို့ ကမ်းလှမ်းဆက်သွယ်မှုတွေပြုလုပ်ထားတာကြောင့်လည်း ၎င်းရဲ့ အပြောင်းရွှေ့ဟာ ဖြစ်လာဖွယ်ရှိနေတယ်လို့လည်း သတင်းတွေက ဖော်ပြနေပါတယ်။

play

 

အသက် ၂၄ နှစ်အရွယ်သာ ရှိသေးတဲ့ အဆိုပါ တိုက်စစ်မှူးကို အာဆင်နယ်အသင်းက ဆက်သွယ်ထားပြီး အသင်းမှ ထွက်ခွာဖို့များနေတဲ့ အလက်ဆစ်ဆန်းချက်နေရာမှာ အစားထိုးနိုင်ဖို့ မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။

 

အဆိုပါကစားသမားကို အာဆင်နယ်အသင်းအနေနဲ့ မနှစ်က ရာသီကတည်းက ခေါ်ယူနိုင်ရေး ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့လည်း သိရပါတယ်။

နဘီက-"အင်္ဂလန်သို့မဟုတ် စပိန်ကို ကျွန်တော်ပြောင်းရွှေ့ ကစားချင်ပါတယ်။ဒီလိဂ်နှစ်ခုက အရမ်းကို ဆွဲဆောင်မှုကောင်းတဲ့ လိဂ်နှစ်ခုပါပဲ။နည်းစနစ်ပိုင်းအရပြောမယ်ဆိုရင် စပိန်မှာ အသင်းငယ်လေးတစ်သင်းတောင် ကစားဖို့ ကြောက်နေမယ်မထင်ပါဘူး။ကျွန်တော်ကစားရတာကို နှစ်သက်ပါတယ်။ဒါ့အပြင် လှပတဲ့ ကစားပွဲတွေကိုလည်း မက်မောပါတယ်။" လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ လက်ရှိမှာ နဘီရဲ့ ကစားဖော် လာကာဇက်တီကို ယခုနှစ်နွေရာသီမှာ ခေါ်ယူထားနိုင်ခဲ့တာကြောင့် နဘီအနေနဲ့လည်း အာဆင်နယ်အသင်းကို ရောက်ရှိလာဖို့ နီးစပ်နေတယ်လို့ သတင်းတွေက ဖော်ပြနေကြပြီး လာမယ့် နွေရာသီဈေးကွက်မှာ အရခေါ်ယူမယ်လို့ သိရပါတယ်။

Postby

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD