AD
AD
AD
play

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့နည်းပြ ပေါ့ချက်တီနိုက ပြီးခဲ့တဲ့အပတ်က ခရစ်စတယ်ပဲလေ့စ်အသင်းနဲ့ကစားခဲ့တဲ့ပွဲစဉ် ဒုတိယပိုင်းမှာ ဒူးဒဏ်ရာရရှိခဲ့တဲ့ ဟယ်ရီကိန်းရဲ့ဒဏ်ရာဟာ မစိုးရိမ်ရဘဲ လာမယ့် အာဆင်နယ်အသင်းနဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ ပြန်လည်ပါဝင်နိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။

play

 

ဒဲလ်အယ်လီနဲ့ ဟယ်ရီဝင့်ခ်တို့လည်း ခရစ်စတယ်ပဲ​လေ့စ်နဲ့ပွဲမှာရရှိခဲ့တဲ့ ​ဒဏ်​ရာပြဿနာ​တွေ​ကြောင့်​ ဂျာမနီ၊ ဘရာဇီးအသင်းတို့နဲ့ ကစားရမယ့် အင်္ဂလန်​အသင်းရဲ့လူစာရင်းကနေ အသီးသီးနှုတ်​ထွက်​ခဲ့ရပါတယ်​။

 

ပေါ့ချက်​တီနိုက "ဟယ်​ရီကိန်းက​တော့ စိုးရိမ်စရာမရှိပါဘူး။ သူ့ကိုလာမယ့် အာဆင်​နယ်အသင်း​နဲ့လန်​ဒန်​ဒါဘီပွဲစဉ်မှာ မြင်​​တွေ့ရပါလိမ့်​မယ်​။ ဒူး​ခေါင်းနဲ့ပတ်သက်​ပြီး ဒဏ်​ရာအနည်းငယ်​ရရှိခဲ့​ပေမယ့် အာဆင်​နယ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်မှာ ပွဲထွက်​ပါဝင်​ကစားနိုင်​ပါလိမ့်​မယ်​" လို့​ အတည်ပြုပြောကြားသွားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD