AD
AD
AD

ယခုနှစ် ပရီးမီးယားလိဂ်ဘောလုံးရာသီရဲ့ လက်ရှိအကောင်းဆုံးကစားသမားမှာ မန်စီးတီးအသင်းမှ တောင်ပံတိုက်စစ်မှူး ကီဗင် ဒီဘရိုင်းလို့ ချဲလ်ဆီးအသင်းမှ အီဒင်ဟာဇက်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

play

 

"ဒီဘရိုင်းက လက်ရှိမှာ ပရီးမီးယားလိဂ်ရဲ့ ငြင်းစရာမရှိတဲ့ အကောင်းဆုံးကစားသမားပါပဲ။သူ့မှာ အသင်းကောင်းတစ်သင်းကိုလည်းပိုင်ဆိုင်ထားသလို အခုလို အကောင်းဆုံးပုံစံမှာ ရှိနေပေးလို့လည်း ကျေးဇူးတင်စကားဆိုချင်ပါတယ်။

play

 

ဘာလို့ဆို နိုင်ငံအသင်းအတွက်လည်းသူအကောင်းဆုံးပံ့ပိုးပေးနိုင်လို့ပါပဲ။သူအမြဲတမ်း အကောင်းဆုံးကစားပါတယ်။သူက ကျွန်တော်တို့အသင်းအတွက်တော့ ပြီးပြည့်စုံတဲ့ ကစားသမားပါပဲ။" လို့ ဟာဇက်က ချီးကျူးပြောဆိုခဲ့ပါတယ်။

 

ဟာဇက်နဲ့ ဒီဘရိုင်းတို့မှာ ဘယ်လ်ဂျီယံ လက်ရွေးစင်ကစားသမားများဖြစ်ကြတာကြောင့် ဒီဘရိုင်းခြေစွမ်းပြကစားနိုင်ခြင်းအပေါ် ဟာဇက်က ကျေးဇူးတင်စကားပြောကြားရခြင်းလည်း ဖြစ်ပါတယ်။

ဒီဘရိုင်းအနေနဲ့ ယခင်က ချဲလ်ဆီးကစားသမားဟောင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ ဂျာမန်ကလပ် ၀ုလ်ဘတ်အသင်းကို ပေါင် ၁၈ သန်းနဲ့ ရောင်းချခြင်း ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

ထို့နောက် ၂၀၁၅ ခုနှစ်မှာ မန်စီးတီးအသင်းကို ရောက်ရှိလာခဲ့ပြီး ခြေစွမ်းပြ ကစားနိုင်ခဲ့ကာ ယခုနှစ်မှာတော့ လက်ရှိအချိန်ထိ ၃ ဂိုးသွင်းကာ ၉ ကြိမ်ဂိုးဖန်တီးမှု ပြုလုပ်ထားနိုင်ပြီး ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနေနိုင်တာလည်း ဖြစ်ပါတယ်။

စက်တင်ဘာလအတွင်းက ကစားခဲ့တဲ့ ချဲလ်ဆီးအသင်းနဲ့ အဝေးကွင်းပွဲမှာလည်း ဒီဘရိုင်းအနေနဲ့ သွင်းဂိုးရယူထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိတွင် နောက်ဆုံးကစားထားတဲ့ အာဆင်နယ်အသင်းနဲ့ အိမ်ကွင်းပွဲမှာလည်း အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

Postby

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD