play

 

ပီအက်စ်ဂျီအသင်းဟာ မကြာမီအချိန်အတွင်းမှာ နည်းပြအပြောင်းအလဲပြုလုပ်ဖို့ ဆန္ဒရှိနေပြီး အူမရီရဲ့နေရာမှာ အစားထိုးမယ့် နည်းပြဟာ ဘယ်သူလဲဆိုတာ ပေါ်ထွက်လာခဲ့ပါတယ်။

play

 

ပြီးခဲ့တဲ့ ရက်ပိုင်းတွေတုန်းက ပီအက်စ်ဂျီအသင်းကို လာမယ့်နွေရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟို ကိုင်တွယ်ဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သတင်းတွေအရ ပီအက်စ်ဂျီအသင်းဟာ သူတို့ရဲ့နည်းပြအသစ်နေရာအတွက် ချယ်ဆီးအသင်းရဲ့နည်းပြ ကွန်တီကို ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

play

 

နည်းပြမော်ရင်ဟိုအနေနဲ့ လီဂူးဝမ်းနဲ့ပတ်သက်ပြီး စိတ်ဝင်စားတဲ့အရိပ်အယောင်တွေပြသခဲ့ပြီး ယခုအချိန်မှာတော့ ပီအက်စ်ဂျီအသင်းပိုင်ရှင်က ခေါ်ယူလိုတဲ့နည်းပြဟာ ကွန်တီဖြစ်တယ်လို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။

 

ပီအက်စ်ဂျီအသင်းရဲ့ပိုင်ရှင်က နည်းပြ အူမရီအနေနဲ့ ယခုရာသီမှာ ပီအက်စ်ဂျီအသင်းကို ချန်ပီယံလိဂ်ဖလားကို ရယူမပေးနိုင်ခဲ့ရင် အစားထိုးဖို့ နည်းပြအရန်သင့် ရှိနေတယ်လို့ အရိပ်အမြွက်ပြခဲ့တာဖြစ်ပါတယ်။

play

 

ချယ်ဆီးအသင်းရဲ့နည်းပြကွန်တီအနေနဲ့ ချယ်ဆီးအသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ၂၀၁၆ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် ယခုရာသီမှာ ရလဒ်တွေ ဆိုးရွားနေတာဖြစ်ပါတယ်။ ချယ်ဆီးအသင်းတာဝန်ရှိသူတွေကလည်း ကွန်တီကို စာချုပ်သက်တမ်းပြည့်မယ့် ၂၀၁၉ ရာသီကုန်အထိ အသင်းမှာဆက်လက်မထားလိုဘဲ ထုတ်ပယ်ဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးတာကြောင့် ကွန်တီအတွက် ပီအက်စ်ဂျီအသင်းဟာ ရေကန်အသင့် ကြာအသင့်လို့တောင် ပြောရမှာဖြစ်ပါတယ်။

Postby

 

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video