AD
AD
AD

ဂျာမနီအသင်းရဲ့ လူငယ်ကစားသမား လီယို ဂေါ်ရက်ဇ်ကာအနေနဲ့ ပရီးမီးယားလိဂ် လာမယ့် နွေရာသီမှာ ပြောင်းရွှေ့ရောက်ရှိလာတော့မယ်လို့ ဂျာမနီလက်ရွေးစင်အသင်းရဲ့ အထွေထွေမန်နေဂျာ အိုလီဗာ ဘီရော့်ဖ်က ထုတ်ဖော်ပြောလိုက်ပါတယ်။

play

 

ဂေါ်ရက်ဇ်ကာအနေနဲ့  ငွေဖိနပ်ဆုနဲ့ ငွေဘောလုံးဆုတို့ကို ယခုပြီးခဲ့တဲ့ နွေရာသီ ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲမှာ ရရှိထားတဲ့ ဥရောပ အကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲကတစ်ဦးလည်း ဖြစ်ပါတယ်။

play

 

ဒါပေမယ့်လည်း လက်ရှိမှာ ရှော်ကေးအသင်းက ၎င်းကို စာချုပ်သစ်ထပ်မံချုပ်ဆိုဖို့ ဆန္ဒမရှိတော့တာကြောင့် လာမယ့် နွေရာသီမှာ အသင်းကထွက်ခွာတော့မှာလည်း ဖြစ်ပါတယ်။

 

ဒါကြောင့် ၎င်းအနေနဲ့ ပရီးမီးယားလိဂ်ကို လာရောက်ကစားဖို့ လာမယ့် ဇန်န၀ါရီမှာ အကြိုသဘောတူ စာချုပ်တစ်ရပ်ကို ချုပ်ဆိုတော့မှာလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ အာဆင်နယ်အသင်းကတော့ ၎င်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ အစောကတည်းက ပြောကြားထားခဲ့တာလည်း ဖြစ်သလို စောင့် ကြည့်နေခဲ့တာ ဖြစ်တယ်လို့လည်းသိရပါတယ်။အခြားအသင်းတွေဖြစ်တဲ့ စပါး၊လီဗာပူးအသင်းတို့ကလည်း ၎င်းကို ခေါ်ယူနိုင်ဖို့ အသည်းအသန် ချိတ်ဆက်နေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ကလည်း ဂေါ်ရက်ဇ်ကာကို ချိတ်ဆက်နေပေမယ့် ဂေါ်ရက်ဇက်ကာ ကိုယ်တိုင်က ပရီးမီးယားလိဂ်ကိုသာ လာချင်နေတယ်လို့ ထုတ်ဖော်ပြောထားတာလည်း ဖြစ်ပါတယ်။

"လီယိုအနေနဲ့အင်္ဂလန်ကိုပိုသွားချင်ပါတယ်။ဘာလို့လဲဆိုတော့တီဗီအစီအစဉ်တွေကလည်းဝင်ငွေပိုများတယ်၊လူငယ်ခြေတက်ကစားသမားတွေလည်း များစွာရှိတယ်။ဥပမာ ဆာနေးလိုကစားသမားတွေပေါ့။အင်္ဂလန်ကိုသွားတော့မယ်ဆိုတဲ့ သတင်းကတော့ ကျွန်တော်တို့လိဂ်အတွက်တော့ သတင်းဆိုးပဲပေါ့။ဒါပေမယ့် အရည်အသွေးက ကျွန်တော်တို့ရဲ့ ပြိုင်ပွဲပါပဲ။ကျွန်တော်တို့နည်းပြတွေကို ယခုထက်ပိုပြီး အရည်အချင်းပြည့်ဝအောင်မွေးထုတ်နိုင်ဖို့လိုပါသေးတယ်။" လို့ ဂျာမနီအထွေထွေအတွင်းရေးမှူးက ထုတ်ဖော်ပြောခဲ့ပါတယ်။

လက်ရှိမှာ ဂေါ်ရက်ဇက်ကာအနေနဲ့ ပရီးမီးယားလိဂ်ကိုသာ လာမယ်ပြောထားပေမယ့် ဘယ်အသင်းနဲ့ စာချုပ်မှာလဲဆိုတာကိုတော့ မသိရသေးပါဘူး။ လီယိုအနေနဲ့ ကလော့ပ်ရဲ့ လီဗာပူးကိုရွေးချယ်မှာလား၊ဒမ်ဘီလီနေရာမှာ အစားထိုးချင်နေတဲ့ စပါးကို ပြောင်းရွှေ့ဖြစ်မလား ဒါမှဟုတ် ဂျာမနီကစားဖော်တွေဖြစ်တဲ့ မူစတာဖီ၊အိုလ်ဇေး၊မာတီဆက်ကာတို့ ကစားနေတဲ့ အာဆင်နယ်အသင်းကိုပဲ ပြောင်းရွှေ့ဖြစ်မလားဆိုတာကတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD