AD
AD
AD
play

 

ချယ်ဆီးအသင်းရဲ့ဂန္တဝင်ကစားသမားဖြစ်တဲ့ ဖရန့်လမ်းပတ်ဟာ တိုက်စစ်မှူး မိုရာတာရဲ့ဂိုးသွင်းစွမ်းရည်ကို ချီးကျူးခဲ့ပြီး နှစ်သက်တဲ့ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

Postby

 

"မိုရာတာဟာ ချယ်ဆီးအသင်းမှာ အကောင်းဆုံးခြေစွမ်းပြသနေတဲ့သူပါ။ အသင်းအတွက် ပုံမှန်ဂိုးသွင်းယူပေးနိုင်တဲ့ ပြီးပြည့်စုံတဲ့ တိုက်စစ်မှူး တစ်ဦးပါ။ သူ့မှာ အကောင်းဆုံးဆိုတဲ့အရာတွေ အားလုံးရှိနေပါတယ်။ လျင်မြန်ဖျတ်လတ်မှု၊ နေရာယူနိုင်မှု၊ ဂိုးသွင်းစွမ်းရည် အားလုံး ပြည့်စုံပါတယ်"

play

"ဒဏ်ရာပြဿနာကြောင့် သူ့အနေနဲ့ ရက်သတ္တပတ်အနည်းငယ် အနားယူခဲ့ရပြီး ဂိုးပြန်သွင်းနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းနဲ့ပွဲစဉ်က သူ့ရဲ့ခေါင်းတိုက်သွင်းဂိုးဟာ အံ့အားသင့်စရာကောင်းတဲ့ ထိပ်တန်းသွင်းဂိုး တစ်ဂိုးပါ။ သူက ကျွန်တော့်ရဲ့အနှစ်သက်ရဆုံး ကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်ပါပဲ။ ချယ်ဆီးအသင်းအတွက် ဂိုးတွေ အများကြီးသွင်းယူပြီး ဂိုးသွင်းစံချိန်ရှင် ဖြစ်လာနိုင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

 

Source & Photos: Sportstarlive

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD