AD
AD
AD

ယနေ့ နံနက်ပိုင်းက ကစားခဲ့တဲ့ အင်္ဂလန်အသင်းနဲ့ ဂျာမနီအသင်တို့ရဲ့ နိုင်ငံတကာ ခြေစမ်းပွဲမှာ မန်ယူအသင်းမှ အင်္ဂလန်နောက်ခံလူ ဖီးလ်ဂျုံးမှာ ပေါင်ဒဏ်ရာ ရရှိခဲ့ပါတယ်။

play

 

" ဖီးလ်ဂျုံးရဲ့ ဒဏ်ရာကြောင့် ပထမပိုင်းအပြီးမှာ ကျွန်တော်တို့ အတော်လေး စိတ်မချမ်းမသာ ဖြစ်လိုက်ရပါတယ်။သူ့ဒဏ်ရာကို ကျွန်တော်တို့ အရမ်းစိုးရိမ်းခဲ့ရပါတယ်။ဒါပေမယ့် ဒဏ်ရာက အရမ်းမပြင်းထန်ဘူးလို့ သိရတော့ စိတ်သက်သာရာ ရခဲ့ပါတယ်။"လို့ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က ထုတ်ဖော်ပြောခဲ့ပါတယ်။

play

 

ဖီးလ်ဂျုံးမှာ အဆိုပါ ဒဏ်ရာကြောင့် ပွဲကစားချိန် ၂၅ မိနစ်မှာ အသင်းဖော် ဂျိုးဇက်ဂိုမက်ဇ်နဲ့ လူစားလဲခံခဲ့ရပါတယ်။

 

အင်္ဂလန်အသင်းအနေနဲ့ လာမယ့် အင်္ဂါနေ့မှာ ဘရာဇီးအသင်းနဲ့ ထပ်မံ ခြေစမ်းကစားအုံးမှာ ဖြစ်ပြီး ဖီးလ်ဂျုံးအနေနဲ့ ထပ်မံ ပါဝင်လာဖို့ စောင့်မျှော်နေတာလည်းဖြစ်တယ်လို့ သိရပါတယ်။

ဖီးလ်ဂျုံး ဒဏ်ရာ ရရှိခဲ့တာကြောင့် မန်ယူအသင်းအတွက်တော့ နောက်ထပ် ထိုးနှက်မှု တစ်ရပ်ဖြစ်စေခဲ့ပါတယ်။

မန်ယူနည်းပြ မော်ရင်ဟိုကတော့ ခြေစမ်းပွဲကစားမယ့် အင်္ဂလန်အသင်းလူစာရင်းမှာ ပါဝင်နေတဲ့ မန်ယူကစားသမားတွေအတွက် စိုးရိမ်နေတယ်လို့လည်း သိရပါတယ်။

အဘယ်ကြောင့်ဆိုသော် လက်ရှိ အင်္ဂလန်အသင်းလူစာရင်းတွင် ပြိုင်ဘက်အသင်းများမှ အဓိက ကစားသမားများဖြစ်တဲ့ စတားလင်းဒီလပ်တို့ မပါဝင်သလို၊စပါးအသင်းမှ ကိန်း၊၀င်းခ်နဲ့ အလီတို့လည်း မပါဝင်ကာ လီဗာပူးအသင်းမှ ဟန်ဒါဆင်ဒါ့အပြင် ချဲလ်ဆီးအသင်းမှ ဝေါ်လ်တာတို့လည်း မပါဝင်ပဲ မန်ယူမှ အဓိက ကစားသမားများပါဝင်နေခြင်းကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အသင်းမှ အခြားကစားသမားများဖြစ်တဲ့ ကာရစ် ၊ ပေါ့ဘာနဲ့ မိုဗစ်တို့မှာလည်း ဒဏ်ရာကြောင့် လက်လွှတ်ထားရချိန်မှာ ယခုလို ဂျုံးရဲ့ ဒဏ်ရာက နောက်ထပ် ထိုးနှက်ချက် ဖြစ်လာခဲ့ပါတယ်။

Postby

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD